ဥပါဒိယမာနသုတ်
From Wikipedia, the free encyclopedia
Remove ads
[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့တော် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အညတရရဟန်းက “မြတ်စွာဘုရား တပည့်တော်သည် မြတ်စွာဘုရား ဟောကြားတော်မူအပ်သောတရားကို ကြားနာပြီးသည်ရှိသော် တစ်ပါးတည်း ဆိတ်ငြိမ်ရာသို့ကပ်ရောက်၍ မမေ့မလျော့ ပြင်းပြင်းထန်ထန် စိတ်ကို နိဗ္ဗာန်သို့လွှတ်ပြီး နေပါမည်၊ တပည့်တော်အား အကျဉ်းချုပ်တရားတော်ကို ဟောကြားတော်မူပါ” ဟု လျှောက်ထားလေသည်။
“ရဟန်း တဏှာ, မာန, ဒိဋ္ဌိတို့ဖြင့် စွဲလမ်း၍ယူသော ရဟန်းအား မာရ်နတ်၏ ရာဂဟူသော ကျော့ကွင်းဖြင့် ဖွဲ့တုတ်ချီနှောင်ခံရမည်၊ တဏှာ, မာန, ဒိဋ္ဌိတို့ဖြင့် မစွဲလမ်းသောရဟန်းသည် မာရ်နတ်၏ ရာဂကျော့ကွင်းမှ လွတ်မြောက်လိမ့်မည်”ဟု ဟောတော်မူပါသည်။ အညတရရဟန်းက “သိပါပြီ မြတ်စွာဘုရား”ဟု လျှောက်ထားလေရာ ဘုရားရှင်က အကျဉ်းချုပ်ဒေသနာကို အကျယ်အားဖြင့်သိပုံကို မေးမြန်းတော်မူသဖြင့် အညတရရဟန်းက “ခန္ဓာငါးပါးတို့၌ တဏှာ, မာန, ဒိဋ္ဌိတို့ဖြင့် စွဲလမ်း၍ ယူသော် မာရ်နတ်၏ ကျော့ကွင်းဖြင့် နှောင်ဖွဲ့ခံရပုံ၊ စွဲလမ်းမှုမရှိလျှင် မာရ်နတ်၏ ကျော့ကွင်းမှ လွတ်မြောက်ပုံကို သိပါကြောင်း” လျှောက်ထားသဖြင့် ဘုရားရှင်က သာဓုခေါ်တော်မူပြီး ဤအတိုင်းပင် မှတ်ရမည်ဟု ဟောကြားတော်မူသည်ကို ကျင့်သုံးသဖြင့် မကြာမီ ရဟန္တာဖြစ်သွားပုံကို ဟောတော်မူသည့်သုတ်။ [၂]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads