ဥပါလိထေရ်
သီရိလင်္ကာ ရဟန်းတော် From Wikipedia, the free encyclopedia
Remove ads
ဥပါလိထေရ် သည် ဂေါတမမြတ်စွာဘုရားလက်ထက်တော်တွင် ထင်ရှားသောဧတဒဂ်ရမထေရ်ကြီးတစ်ပါးဖြစ်၍ ပဉ္စမသာဝက ကြီး ဖြစ်ပေသည်။
ပဒုမုတ္တရမြတ်စွာဘုရား၏ ဗျာဒိတ်တော်
ပဒုမုတ္တရမြတ်စွာဘုရား ပွင့်တော်မူစဉ်ကဖြစ်၏။ ထိုအချိန်တွင် အရှင်ဥပါလိထေရ်သည် မြတ်စွာဘုရားကို မြင်၍ လက်အုပ်ချီကာ ရှိခိုး၏။ ထို့နောက် မြတ်စွာဘုရားသည် အရှင်ဘာဂိနေယျူပါလိထေရ်အား “တစ်ဆယ့်ရှစ်ကြိမ် သိကြားမင်း၊ အကြိမ်သုံးရာ ဧကရာဇ်မင်း၊ နှစ်ဆယ့်ငါးကြိမ် စကြဝတေးမင်း၊ ပဒေသရာဇ်မင်းအဖြစ်ကား မရေတွက်နိုင်အောင် ဖြစ်မည်။ ထို့ပြင် ဂေါတမမြတ်စွာဘုရားလက်ထက်တွင် ဥပါလိ အမည်ဖြင့် ဝိနည်းအရာတွင် ဧတဒဂ်ရ ရဟန်းဖြစ်လိမ့်မည်” ဟု မိန့်တော်မူ၏။[၁]
Remove ads
ရဟန်းပြုခြင်း
ဥပါလိသည် ငယ်စဉ်က မထင်ရှားသော ဆတ္တာသည် မိဘတို့၏သားဖြစ်၍၊ ဆတ္တာသည်အဖြစ်ပင် အသက်မွေးသည်။ သာကီဝင်မင်းသားများထံတွင် ဆံပင်ပြုပြင်ခြင်းကိစ္စကို ဆောင်ရွက်ရသည်။ နောင်အခါသော် အနုရုဒ္ဓါ၊ အာနန္ဒာ၊ ဘဒ္ဒိယ၊ ကိမိလ၊ ဘဂု၊ ဒေဝဒတ် တည်းဟူသော သာကီဝင် မင်းသား ခြောက်ပါး နှင့်အတူ တောထွက်ရာသို့ လိုက်ပါလေသည်။
တောအုပ်ကြီးတစ်ခုအတွင်းသို့ ရောက်သောအခါ မင်းသားတို့က ဝတ်စားဆင်ယင်သော တန်ဆာရတနာတို့ကို ဥပါလိအားပေး၍ "ထိုဥစ္စာများဖြင့် အသက်မွေးလော့" ဟု ပြန်၍လွှတ်ကာ မိမိတို့မှာမူ ရဟန်းပြုရန် ဆက်လက်သွားကြသည်။ ထိုအခါ ဥပါလိသည် မင်းသားတို့နှင့်အတူ လိုက်ပါလိုကြောင်း တောင်းပန်သော်လည်း မင်းသားတို့က ပြန်ခိုင်း၍ ပြန်ခဲ့ရသည်။ လမ်းသို့ရောက်သောအခါ ဤဆတ္တာသည်သည် မိမိမှာ မင်းသားတို့ကို သတ်၍ ဆင်အပ်သော တန်ဆာများကို ဆောင်၍ပြန်လာသည်ဟု အများကထင်မှတ်နိုင်မည်ကို တွေးမိပြီး မိမိအား သတ်မည်ကို စိုးရိမ်သည့်အပြင် စည်းစိမ်ချမ်းသာ ကြီးကျယ်စွာသော သာကီဝင်မင်းသားတို့ပင်လျှင် ရဟန်းပြုနိုင်ပါလျှင် မိမိမှာ ကျေးကျွန်ဘဝမျှသာဖြစ်၍ "အဘယ် ကြောင့် ရဟန်းမပြုနိုင်ရှိအံ့နည်း။ ဤဥစ္စာ တို့ကို မခင်တွယ်တော့" ဟု သစ်ပင်တွင် တန်ဆာရတနာများကိုဆွဲချိတ်ကာ မင်းသားတို့၏ ထံသို့ လိုက်ပါ၍ အကြောင်းစုံကို ပြောပြသည်။ ထို့နောက် မင်းသားတို့နှင့်အတူ မြတ်စွာဘုရားထံသို့ သွား၍ ရဟန်းပြုသည်။
Remove ads
ရဟန္တာဖြစ်တော်မူခြင်း
သာကီဝင်မင်းသားတို့သည် အမျိုးကိုစွဲသည့် ဇာတိမာန် ပြင်းပြလေရကား ထိုဇာတိမာန်ကို ချိုးနှိမ်နိုင်စေရန် ဥပါလိကို ရှေးဦးစွာ ရဟန်းပြုလေသည်။ ဘုရားသာသနာတော် အတွင်း၌ ဝါကြီးဝါငယ် ရိုသေရသော အစဉ်ရှိသဖြင့် ရဟန်းတစ်ဦးဖြစ်သော ဥပါလိကို ရိုသေလေးစားခြင်း ပြုရမည်သာဖြစ်သည်။ ဥပါလိသည် မြတ်စွာဘုရား၏ တရားတော်ကို နာကြားရသဖြင့် ရဟန္တာဖြစ်လာသည်။
ဧတဒဂ်ဘွဲ့ ရခြင်း
ဥပါလိထေရ်သည် ဝိနည်းပိဋကတ်ကို တတ်ကျွမ်းလှသဖြင့် မြတ်စွာဘုရားရှင်က ဝိနယဓရအရာ၌ ဧတဒဂ် ချီးမြှောက်တော်မူသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ပထမသင်္ဂါယနာတင်ကြရာတွင် ဝိနည်းတရားကို ရှေးဦးစွာ သင်္ဂါယနာတင်ခဲ့ကြရာ ဥပါလိထေရ်ကို အမှူးထား၍ တင်ကြလေသည်။ ဥပါလိထေရ်သည် ဝါတော် ၇၈ ဝါ ဆောင်တော်မူ ပြီးမှ ပရိနိဗ္ဗာန်ပြုလေသည်။ [၂]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads