ဦနပဉ္စဗန္ဓနသိက္ခာပုဒ်

From Wikipedia, the free encyclopedia

ဦနပဉ္စဗန္ဓနသိက္ခာပုဒ်
Remove ads

ဦနပဉ္စဗန္ဓနသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် နိဿဂ္ဂိပါစိတ်အာပတ်တစ်ခု ဖြစ်၏။[]

သမိုင်း

မြတ်စွာဘုရားသည် သက္ကတတိုင်း၊ ကပ္ပိလဝတ်မြို့၊ နိဂြောဓာရုံကျောင်းတော်တွင် သီတင်းသုံး နေတော်မူချိန် ဖြစ်၏။ အိုးထိန်သည်သည် “သပိတ်လိုအပ်သော ရဟန်းတို့ကို သပိတ်ဖြင့် ဖိတ်ကြားအပ်သည်” ဟု ရဟန်းတို့ကို ဖိတ်၏။ ထိုအခါ ရဟန်းတို့သည် အတိုင်းအရှည်မသိဘဲ များစွာသောသပိတ်တို့ကို တောင်းကြ၏။ သေးသော သပိတ်ရှိသူတို့သည် ကြီးသော သပိတ်ကို တောင်း၏။ ကြီးသော သပိတ်ရှိသူတို့သည် သေးသောသပိတ်ကို တောင်း၏။

ထိုအခါ အိုးထိန်းသည်သည် ရဟန်းတို့ကို လှူဒါန်းရန် များစွာသော သပိတ်တို့ကို ပြုလုပ်ရ၏။ ထိုသို့ သပိတ်အတွက် အလုပ်လုပ်ရသဖြင့် အရောင်းအဝယ်ဆိုင်ရာ (အိုးခွက်) ဘဏ္ဍာကိုလည်း မလုပ်နိုင်၊ မိမိကိုယ်တိုင်နှင့် သားမယားတို့သည်လည်း ပင်ပန်းကြ၏။

ထိုအခါ လူတို့သည် “ရဟန်းတို့သည် အဘယ်ကြောင့် သပိတ်တို့ကို အတိုင်းအရှည်မသိဘဲ ယူကြကုန်သနည်း” ဟု ကဲ့ရဲ့၏။ ထိုအခါ ရဟန်းတို့သည်လည်း လူတို့ကဲ့ရဲ့သည်ကို သိကုန်၏။ အလိုနည်းသော ရဟန်းတို့သည် လည်း ကဲ့ရဲ့ကုန်၏။ ထိုနောက် မြတ်စွာဘုရားကို လျှောက်ထား၏။ မြတ်စွာဘုရာသည် “ရဟန်းတို့ အတိုင်းအရှည်မသိကြဘဲ များစွာသော သပိတ်တို့ကို တောင်းကြသည်ဆိုသည်မှာ မှန်ပါသလား” ဟု မေး၏။ ရဟန်းတို့လည်း “ဟုတ်မှန်ကြောင်း” ဖြေကြား၏။

ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ “ရဟန်းတို့ သပိတ်ကို မတောင်းရ၊ တောင်းသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။

ထိုအခါ ရဟန်းတစ်ပါး၏ သပိတ်သည် ကွဲ၏။ မြတ်စွာဘုရားသည် သိက္ခာပုဒ်ကို ပညတ်ထားသည့်အတွက် ရဟန်းသည် လက်ဖြင့် ဆွမ်းခံ၏။ ထိုအခါ လူတို့သည် “ရဟန်းတို့သည် အဘယ်ကြောင့် တိတ္ထိတို့ကဲ့သို့ လက်ဖြင့် ဆွမ်းအတွက် လှည့်လည်ဘိသနည်း” ဟု ကဲ့ရဲ့၏။ ရဟန်းတို့သည်လည်း လူတို့၏ ကဲ့ရဲ့သည်ကို ကြားကုန်၏။ ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ထားကြ၏။

ထိုအခါ မြတ်စွာဘုရားသည် “ရဟန်းတို့ သပိတ်ပျောက်သော ရဟန်းအားလည်းကောင်း၊ သပိတ်ကွဲသော ရဟန်းအားလည်းကောင်း သပိတ်ကို တောင်းခြင်းငှါ ခွင့်ပြုသည်” ဟု မိန့်တော်မူ၏။

ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြတ်စွာဘုရားသည် “သပိတ်ပျောက်သောရဟန်းအားလည်းကောင်း၊ သပိတ်ကွဲသော ရဟန်းအား လည်းကောင်း ခွင့်ပြတော်မူ၏” ဟု အနည်းမျှ ကွဲသောအက်ကြောင်းဖြင့်လည်းကောင်း၊ ခြစ်မိကာမျှဖြင့်လည်းကောင်း များစွာသော သပိတ်ကို တောင်း၏။

ထိုအခါ အိုးထိန်းသည်တို့သည် သပိတ်များစွာကို လုပ်ရသည်ဖြစ်၍ အရောင်းအဝယ်ဆိုင်ရာ (အိုးခွက်) ဘဏ္ဍာလုပ်ခြင်းကို မတတ်နိုင်တော့်ပေ၊ မိမိကိုယ်တိုင်လည်း မမျှတ၊ သူတို့၏ သားမယားတို့သည်လည်း ပင်ပန်းကြ၏။

ထိုအခါ လူတို့သည် “အဘယ်ကြောင့် ရဟန်းတို့သည် အတိုင်းအရှည်မသိဘဲ များစွာသောသပိတ်ကို တောင်းကုန်ကြသနည်း” ဟု ကဲ့ရဲ့ကြ၏။ ထိုသို့ ကဲ့ရဲ့သည်ကို ရဟန်းတို့သည်လည်း ေ ကြားကုန်၏။ အလိုနည်းသော ရဟန်းတို့သည်လည်း ဆဗ္ဗဂ္ဂီရဟန်းတို့ကို ကဲ့ရဲ့ကြ၏။ ထို့နောက် မြတ်စွာဘုရားအား လျှောက်ထားကြ၏။

မြတ်စွာဘုရားသည် “သင်တို့သည် အနည်းငယ်မျှသော အကွဲဖြင့်လည်းကောင်း၊ အနည်းငယ်မျှသော အက်ကြောင်းဖြင့်လည်းကောင်း၊ ခြစ်မိကာမျှဖြင့်လည်းကောင်း များစွာသော သပိတ်တို့ကို တောင်းသည်ဆိုသည်မှာ မှန်ပါသလော” ဟု မေး၏။ “မှန်ပါသည်” ဟု ဖြေကြား၏။

ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။[]

Remove ads

သိက္ခာပုဒ်

“အကြင်ရဟန်းသည် ငါးဖွဲ့မပြည့်သေးသော သပိတ်ရှိလျက် အခြားသပိတ်သစ်ကို တောင်းငြားအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ ထိုရဟန်းသည် ထိုသပိတ်ကို ရဟန်းပရိသတ်၌ စွန့်ရမည်၊ ထိုရဟန်းပရိသတ်၌ နောက်ဆုံး သပိတ်ကို ‘ရဟန်း သင်သည် ဤသပိတ်ကို ကွဲသည့်တိုင်အောင် ဆောင်ရမည်’ ဟု ဆို၍ ထိုရဟန်းအား ပေးရမည်။ ဤသည်မှာ သပိတ်တောင်းရာ၌ ကျင့်ဝတ်ဖြစ်၏” ဟု မိန့်တော်မူ၏။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads