ဦလန်ဘာတာမြို့

မွန်ဂိုလီးယားနိုင်ငံရှိ မြို့ From Wikipedia, the free encyclopedia

ဦလန်ဘာတာမြို့
Remove ads

ဦလန်ဘာတာမြို့သည် မွန်ဂိုးလီးယားနိုင်ငံမြို့တော်နှင့် အကြီးဆုံးမြို့ ဖြစ်သည်။ မည်သည့် ခရိုင်အတွင်းမှ မပါရှိဘဲ သီးသန့် တည်ရှိနေသော မြို့နယ်မြေ အဖြစ်တည်ရှိသည်။ ၂၀၀၈ ခုနှစ်တွင် လူဦးရေ တစ်သန်းကျော်မျှ ရှိသည်။

Ulaanbaatar view from Zaisan hill
Thumb
ဦလန်ဘာတာမြို့ မြင်ကွင်း

မွန်ဂိုးလီးယားနိုင်ငံ၏ မြောက်ဘက် အလယ်ပိုင်းတွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင် အထက် ၄၃၀၀ပေ (၁၃၁၀ မီတာ) အမြင့်တွင် တည်ရှိကာ တူးလ်မြစ်အတွင်း တောင်ကြား အပေါ်တွင် တည်ရှိသည်။ နိုင်ငံ၏ ယဉ်ကျေးမှုဆိုင်ရာ၊ စက်မှုဆိုင်ရာနှင့် ငွေကြေးဆိုင်ရာ အချက်အချာကျသော နေရာဖြစ်သည်။ မွန်ဂိုးလီးယားနိုင်ငံ ကားလမ်းကွန်ယက်၏ အလယ်ဗဟိုတွင် တည်ရှိသည်။ ရုရှားနိုင်ငံရှိ ဆိုင်ဘေးရီးယားသို့ ဖြတ်သန်းသွားသော ရထားလမ်းနှင့် တရုတ်ရထားလမ်း နှစ်ခုလုံးတို့နှင့် အဆက်အသွယ် ရှိသည်။

၁၆၃၉ ခုနှစ်တွင် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းနယ်မြေအဖြစ် ယာယီ စတင်တည်ထောင်ခဲ့သည်။ ၁၇၇၈ ခုနှစ်တွင်မူ တူးလ်မြစ်နှင့် ဆဲလ်ဘီမြစ်တို့ ဆုံရာဖြစ်သော ယခုနေရာတွင် စတင် အခြေချ နေထိုင်ခဲ့ကြသည်။ ထိုအချိန်မတိုင်မီက ၂၈ ကြိမ်တိုင်တိုင် နေရာ အပြောင်းအရွှေ့လုပ်ခဲ့ကြသည်။ ၂၀ ရာစု အတွင်းတွင်မူ ဦလန်ဘာတာသည် ကုန်ထုတ်လုပ်ရာဒေသအဖြစ်သို့ ပြောင်းလဲဖြစ်ပေါ်လာခဲ့သည်။


Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads