ဦးစီးအဖွဲ့
From Wikipedia, the free encyclopedia
Remove ads
စစ်ဘက်ဆိုင်ရာ တပ်/အဖွဲ့/ဌာနများတွင် ဦး/ရေး/ထောက်ဆိုင်ရာ လုပ်ငန်းများကို ဦးစီးလုပ်ငန်းများဟု ခေါ်ပြီး ယင်းလုပ်ငန်းများကို ဦးစီးအဖွဲ့(Staff)က ယင်းတပ်/အဖွဲ့/ဌာနအတွက် ဆောင်ရွက်ရသည်။ တပ်မှူးနှင့် အထက်ဦးစီးအရာရှိကြီးများ၊ လက်အောက်ခံတပ်မှူးများအတွက် ဦးစီးအဖွဲ့က ဆောင်ရွက်ပေးရသမျှ တာဝန်အရပ်ရပ်ကို ဦးစီးတာဝန်(Staff Duty)ဟု ခေါ်သည်။ ဦးစီးအဖွဲ့တစ်ခုကို ဦးစီးဆောင်ရွက်ရသူအား ဦးစီးအရာရှိ(Staff Officer)ဟု ခေါ်သည်။ ဦးစီးအဖွဲ့ကို ယျေဘုယျအားဖြင့် စာရေး/ရုံးအုပ်/ဦးစီးအရာရှိ စသဖြင့် အဆင့်ဆင့်ဖွဲ့စည်းထားရှိပြီး စစ်ဘက်ဆိုင်ရာ ရာထူးခန့်အပ်မှုတွင်မူ တပ်ကြပ်ကြီးစာရေး/ကွန်ပြူတာ(တတိယတန်း)/(ဒုတိယတန်း)/(ပထမတန်း) အဆင့်တို့မှာ စာရေးအဖြစ်လည်းကောင်း၊ ဒုတိယအရာခံဗိုလ်စာရေး/ကွန်ပြူတာ၊ အရာခံဗိုလ်စာရေး/ကွန်ပြူတာနှင့် ယင်းအထက်တို့မှာ ရုံးအုပ်/ရုံးအုပ်ချုပ်အဖြစ်လည်းကောင်း၊ ပြန်တမ်းဝင်အရာရှိမှာ ဦးစီးအရာရှိအဖြစ်လည်းကောင်း ခန့်အပ်လေ့ရှိသည်။
![]() |
Remove ads
တပ်အရွယ်အစားအလိုက် ဦးစီးအဖွဲ့များ
ဦးစီးအဖွဲ့ကို တပ်အသီးသီးတွင် ယင်းတပ်များ၏ အရွယ်အစားအလိုက် ဖွဲ့စည်းထားရှိကြသည်။ တပ်ရင်း/တပ်ဖွဲ့အဆင့်တွင် တပ်ရေးသည် စစ်ဦးစီးနှင့် စစ်ရေးဆိုင်ရာ ဦးစီးအရာရှိဖြစ်ပြီး တပ်ထောက်မှာ စစ်ထောက်ဆိုင်ရာ ဦးစီးအရာရှိဖြစ်သည်။ တပ်မဟာနှင့် အရွယ်အစားတူတပ်ဌာနချုပ်များတွင် နည်းဗျူဟာညှိနှိုင်းကွပ်ကဲရေးမှူး၊ စစ်ဦးစီးမှူး(တတိယတန်း)၊ ဦးစီးအရာရှိ(ဒုတိယတန်း)အစရှိသည့် ဦးစီးအရာရှိများ ထားရှိသည်။ တပ်မနှင့် အလားတူအရွယ်အစားရှိသော တပ်ဌာနချုပ်များတွင် စစ်ဦးစီးမှူး(ပထမတန်း)ထားရှိပြီး တပ်မကြီးနှင့် အထက်တပ်ဌာနချုပ်များတွင် စစ်ဦးစီးဗိုလ်မှူးကြီး၊ ဦးစီးဗိုလ်မှူးကြီး(ရေး/ထောက်)၊ တိုင်းဦးစီးချုပ်၊ စစ်ဦးစီးဗိုလ်မှူးချုပ်၊ လက်ထောက်စစ်ရေးချုပ်၊ လက်ထောက်စစ်ထောက်ချုပ် စသည်ဖြင့် ရှိကြသည်။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads