ဦးသိန်းစိန် အစိုးရ

၂၀၁၀​ရွေး​ကောက်ပွဲတွင် အနိုင်ရကာတက်လာသည့်အစိုးရ From Wikipedia, the free encyclopedia

Remove ads

ဦးသိန်းစိန် အစိုးရသည် စစ်အာဏာသိမ်း အစိုးရနောက်ပိုင်း တက်လာသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဦးဆောင်သည့် ပထမဆုံး ရွေးကောက်ခံအစိုးရ ဖြစ်သည်။ ၎င်း အစိုးရအဖွဲ့သည် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့အထိ တာဝန်ယူခဲ့သည်။

အချက်တိုများ ဦးသိန်းစိန် အစိုးရ, ဖွဲ့စည်းရက်စွဲ ...
Remove ads
Remove ads

ခြုံငုံသုံးသပ်ချက်

ယခင်တပ်မ​တော်အစိုးရ၏ဝန်ကြီးချုပ်ဖြစ်​သော ဦးသိန်းစိန်သမ္မတဖြစ်လာကာ ဒုသမ္မတ၂ဦး ဝန်ကြီး၃၀ဦး ဝန်ကြီးဌာန ၃၅ခုဖြင့်အစိုးရဖွဲ့စည်းခဲ့သည်။[]အများစုမှာတပ်မတော်မှ ယခင်​ခေါင်း​ဆောင်များဖြစ်သည်။ ကဏ္ဍများစွာတွင်သိသာစွာပြောင်းလဲလာခဲ့ပြီး မြန်မာပြည်၏ ဒီမိုက​ရေစီအစပင်ဖြစ်သည်။ စစ်အစိုးရနောက်ပိုင်း သိသာစွာနိုင်ငံတကာနှင့် ပြန်လည်နီးစပ်ခဲ့သည်။၂၀၁၅ခုနှစ်​​ရွေးကောက်ပွဲတွင်ရှုံးနိမ့်သွားသည့်အတွက် ​ဒီမိုက​ရေစီ​နောက်​ကြောင်းပြန်လှည့်မည်ကိုပြည်သူများစိုးရိမ်ကြ​သော်လည်း ​အနိုင်ရပါတီကို ​ငြိမ်းချမ်းစွာ အာဏာလွှဲခဲ့သည်။

Remove ads

​ခေါင်း​ဆောင်များ

အစိုးရအဖွဲ့

ဦးသိန်းစိန် သမ္မတ
သီဟသူရဦးတင်​အောင်မြင့်ဦး ဒုတိယသမ္မတ ၁
​ဒေါက်တာစိုင်း​​မောက်ခမ်း ဒုတိယသမ္မတ ၂နှင့် ၁
ဦးဉာဏ်ထွန်း ဒုတိယသမ္မတ ၂

အခြား​သော ဗဟိုရုံးများ

ဦးရွှေမန်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌပြည်ထောင်စုလွှတ်တော် နာယက
ဦးခင်​အောင်မြင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌပြည်ထောင်စုလွှတ်တော် နာယက
ဦးထွန်းထွန်းဦး ပြည်​ထောင်စုတရားသူကြီးချုပ်
ဦးသိန်းစိုး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ
ဦးတင်အေး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ
ဦးထွန်းရှင် ပြည်ထောင်စုရှေ့နေချုပ်
ဦးလွန်း​မောင် ပြည်ထောင်စုစာရင်းစစ်ချုပ်
ဦး​ကျော်သူ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ
Remove ads

အစိုးရအဖွဲ့ (၂၀၁၁ - ၂၀၁၆)

ဝန်ကြီးများ

နောက်ထပ် အချက်အလက်များ တာဝန်ထမ်းဆောင်ခြင်း, စတင်ရက် ...

[] [][]

ဒုတိယဝန်ကြီးများ

နောက်ထပ် အချက်အလက်များ တာဝန်ထမ်းဆောင်ခြင်း, စတင်ရက် ...
Remove ads

မူလ အစိုးရအဖွဲ့ (၂၀၁၁ မတ်လ)

၂၀၁၁ခုနှစ် မတ်လ ၃၀ရက်နေ့တွင် ဦးသိန်းစိန် ခန့်အပ်သောအစိုးရအဖွဲ့ ပြည်ထောင်စုလွှတ်တော်၌ ကျမ်းသစ္စာ ဆိုခဲ့သည်။[] ဝန်ကြီးဌာန ၄ ခုဖြစ်သည့် ကာကွယ်ရေး၊ ပြည်ထဲရေး၊ နိုင်ငံခြားရေးနှင့် နယ်စပ်ရေးရာတို့ကို တပ်ချုပ်ကြီး သန်းရွှေ၊ (ဗိုလ်ချုပ်မှူးကြီး)မှ ခန့်အပ်ခဲ့သည်။[၁၀] သမ္မတရုံးနှင့် စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ကို ဖေဖော်ဝါရီ ၉ ရက်၌ဖွဲ့စည်းခဲ့သည်။[၁၀]

အဓိက ဝန်ကြီးများမှာ ကြံ့ခိုင်ရေးနှင့် ယခင် နအဖ အစိုးရမှ ဗိုလ်ချုပ်များဖြစ်ကာ ၄ ဦးမှာ အရပ်သားဖြစ်သည်။[၁၁] ၁၂ ယောက်မှာ ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရ (နအဖ) ဝန်ကြီးများဖြစ်ကာ၇ယောက်မှာ ဒုဝန်ကြီးများဖြစ်သည်။ ၃ ယောက်မှာ တပ်မတော် ခေါင်းဆောင်များဖြစ်သည်။ [၁၂]

နောက်ထပ် အချက်အလက်များ စဉ်, ဝန်ကြီးဌာန ...
နောက်ထပ် အချက်အလက်များ စဉ်, ဝန်ကြီးဌာန ...
Remove ads

အစိုးရအဖွဲ့ ​ပြောင်းလဲခြင်းများ

၂၀၁၁ခုနှစ်

၂၀၁၁ခုနှစ် ဩဂုတ်လ၁၀ရက်​နေ့တွင် အမှတ် (၁)စက်မှုဝန်ကြီး ဦး​ကျော်စွာခိုင်ကို သမ္မတရုံးဝန်ကြီးအဖြစ် ​ပြောင်းလဲတာဝန်​ပေးခဲ့ကာ အမှတ်(၂) စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းအား အမှတ်(၁) စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ တာဝန်ကိုပါ ပူးတွဲတာဝန်ထမ်း​ဆောင်​စေခဲ့သည်။[၁၅][၁၆]ဒီဇင်ဘာ ၂ရက်​နေ့တွင် အမှတ် (၁)နှင့် (၂) စက်မှုဝန်ကြီးဌာနတို့ကို ​စက်မှုဝန်ကြီးဌာနအဖြစ်ဖွဲ့စည်းကာ ဦးစိုးသိန်းမှာ ဝန်ကြီးဖြစ်လာသည်။[၁၇]ထို့အပြင် ဦးတင်နိုင်သိန်း၏ ​မွေးမြူ​ရေး၊​ရေးလုပ်ငန်းနှင့်​ကျေးလက်​ဒေသဖွံ့ဖြိုး​ရေးဝန်ကြီးဌာနကို ဦးအုန်းမြင့်မှ ပူးတွဲတာဝန်ယူခဲ့ကာ သမဝါယမဝန်ကြီးဌာနနှင့် ​မွေးမြူ​ရေးနှင့်​ရေလုပ်ငန်းဝန်ကြီးဌာနဝန်ကြီးဖြစ်လာသည်။[၁၈]

အစိုးရအဖွဲ့ အပြောင်းအလဲ (၂၀၁၂–၂၀၁၃)

၂၀၁၂ ခုနှစ် စက်တင်ဘာ ၄ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က သမ္မတရုံးဝန်ကြီးဌာန ၆ နေရာအပါအဝင် ဝန်ကြီးဌာန ၃၆ ခုထိခွင့်ပြုခဲ့သည်။ လျှပ်စစ် ၁ ဝန်ကြီး ဦးဇော်မြင့်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးခင်မောင်မြင့်တို့ကို နုတ်ထွက်ခွင့်ပေးခဲ့သည်။ ဩဂုတ် ၂၈ တွင် ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးလွန်းမောင်ကိုပါ နုတ်ထွက်ခွင့်ပေးခဲ့သည်။ သတ္တုတွင်းဝန်ကြီး ဦးသိန်းထိုက်ကို ပြည်ထောင်စု စာရင်းစစ်ချုပ် ခန့်ခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဝေလွင်မှာ ကာကွယ်ရေးဝန်ကြီး ဖြစ်လာသည်။ ဦးအောင်ကြည်မှာ ပြန်ကြားရေးဝန်ကြီးဖြစ်လာပြီး ဦးကျော်ဆန်းမှာ သမဝါယမ ဝန်ကြီးဖြစ်လာသည်။[၁၉] လျှပ်စစ် ၁ နှင့် ၂ ကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အဖြစ် ဖွဲ့စည်းကာ စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ကို ဖျက်သိမ်းခဲ့သည်။ဦး​အောင်ကြည်၏ ​နေရာများအတွက် အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံ​ရေးတွင် ဦး​မောင်မြင့်နှင့် လူမှုဝန်ထမ်းကယ်ဆယ်​ရေးအတွက် ​ဒေါက်တာ​ဒေါ်မြတ်မြတ်အုန်းခင်တို့ကိုခန့်အပ်ခဲ့သည်။​ဒေါ်မြတ်မြတ်အုန်းခင်မှာ ပထမဆုံးအမျိုးသမီးဝန်ကြီးဖြစ်လာသည်။ သိုတယ်/ခရီးဒုဝန်ကြီးဖြစ်​သော ဦး​အေးမြင့်ကြူက ယဉ်​ကျေးမှုဝန်ကြီးဖြစ်လာသည်။ [၂၀][၂၁]

၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁၆ တွင် ဆက်သွယ်ရေးဝန်ကြီးနှင့် သာသနာရေးဝန်ကြီးတို့ကို နုတ်ထွက်ခွင့်ပေးခဲ့သည်။ ဆက်သွယ်ရေးဝန်ကြီးဦးသိန်းထွန်း မှာ အစိုးရသစ်လက်ထက် အကျင့်ပျက်ခြစားမှုကြောင့် စစ်ဆေးခံရသော ပထမဆုံးဝန်ကြီးဖြစ်လာသည်။ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်မှာ သာသနာရေးဝန်ကြီးဖြစ်လာသည်။ လေတပ် ဦးစီးချုပ် ဗိုလ်ချုပ် မြတ်ဟိန်းမှာ ဆက်သွယ်ရေးဝန်ကြီးဖြစ်လာသည်။[၂၂]

နောက်ထပ် အချက်အလက်များ ဝန်ကြီးဌာန, ဝန်ကြီး ...

အစိုးရပြန်လည်ဖွဲ့စည်းခြင်း(၂၀၁၄)

၂၀၁၄ ခုနှစ် ဇွန်လ ၁၉ တွင် သာသနာရေးဝန်ကြီး ဦးဆန်းဆင့်မှာ ရာထူးမှ ရပ်နားခံခဲ့ရပြီး တရားစွဲဆိုခံခဲ့ရသည်။ ဒုတိယဝန်ကြီး ဦးစိုးဝင်းမှာ ဝန်ကြီးဖြစ်လာသည်။[၂၄] ၂၀၁၄ ခုနှစ် ဇူလိုင် ၂၉ တွင် ပြန်ကြားရေးဝန်ကြီးနှင့် ကျန်းမာရေးဝန်ကြီးတို့မှာလည်း ရာထူးမှ ရပ်နားခံခဲ့ရသည်။[၂၅] ထို့နောက် ဒုဝန်ကြီးများဖြစ်သောဦးရဲထွဋ် နှင့်ဒေါက်တာ သန်းအောင် တို့မှာ ဝန်ကြီးဖြစ်လာသည်။ ပညာ​ရေးဝန်ကြီး ​ဒေါက်တာမြ​အေး ဆုံးပါးပြီး​နောက် ​ဒေါက်တာခင်စန်းရီမှာ ဝန်ကြီးဖြစ်လာသည်။ ထို့​နောက် သိပ္ပံနည်းပညာဝန်ကြီး ​ဒေါက်တာကိုကိုဦးပါဆုံးပါးသွား၍ ဝန်ကြီးဌာန၂ခုကို ပူးတွဲကိုင်ခဲ့ရသည်။[၂၆]

Remove ads

ခေါင်းဆောင်များနှင့် ဝန်ကြီးများ

Thumb
သမ္မတ
သမ္မတ 
Thumb
ဒုသမ္မတ ၁
ဒုသမ္မတ ၁ 
Thumb
ဒုသမ္မတ ၂ နှင့် ၁
ဒုသမ္မတ ၂ နှင့် ၁ 
Thumb
ဒုသမ္မတ ၂
ဒုသမ္မတ ၂ 
Thumb
နိုင်ငံခြားရေးဝန်ကြီး
နိုင်ငံခြားရေးဝန်ကြီး 
Thumb
ပညာရေးဝန်ကြီး
ပညာရေးဝန်ကြီး 
Thumb
ပြန်ကြားရေးဝန်ကြီး
ပြန်ကြားရေးဝန်ကြီး 
Thumb
ကျန်းမာရေးဝန်ကြီး
ကျန်းမာရေးဝန်ကြီး 
Thumb
သမ္မတရုံးဝန်ကြီး
သမ္မတရုံးဝန်ကြီး 
Thumb
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီး
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီး 
Thumb
လူဝင်မှုကြီးကြပ်​ရေးဝန်ကြီး
လူဝင်မှုကြီးကြပ်​ရေးဝန်ကြီး 
Thumb
သမ္မတရုံးဝန်ကြီး
သမ္မတရုံးဝန်ကြီး 
Remove ads

ထင်ရှားသော လုပ်ဆောင်ချက်များ

Thumb
Thumb
Thumb
Thumb
၂၀၁၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား
Thumb

၂၀၁၁

  • စက်တင်ဘာ ၃၀(မြစ်ဆုံဆည်)– စက်တင်ဘာ ၃၀ တွင် နိုင်ငံတော် သမ္မတ က ၎င်းတို့အစိုးရလက်ထက်တွင် မြစ်ဆုံ စီမံကိန်းအား ရပ်နားထားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာ ပို့ခဲ့သည်။[၂၇]
  • အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် လာရောက်ခြင်း (ဒီဇင်ဘာ ၁) – အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်သည် နေပြည်တော်သို့ လာရောက်ကာ အစိုးရအဖွဲ့ခေါင်းဆောင် ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့သည်။ နှစ် ၅၀ အတွင်း မြန်မာပြည်သို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တစ်ဦး ပထမဆုံးလာရောက်ခြင်းဖြစ်သည်။

၂၀၁၂

၂၀၁၃

၂၀၁၄

  • ၇ ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ– ၂၀၁၄ခုနှစ် အာဆီယံ ပါရာဂိမ်းစ်ကို ၂၇ ကြိမ်မြောက်ဆီးဂိမ်းစ် အပြီး ဇန်နဝါရီလ ၁၄ ရက်မှ ၂၀ ရက်အထိကျင်းပခဲ့သည်။
  • ၉ ကြိမ်မြောက် အရှေ့အာရှနိုင်ငံများ အစည်းအဝေး (၉~၁၃ နိုဝင်ဘာ) – အစိုးရအဖွဲ့သည် ၉ကြိမ်မြောက် အရှေ့အာရှနိုင်ငံများ အစည်းအဝေးကို လက်ခံကျင်းပခဲ့သည်။
  • အာဆီယံဥက္ကဋ္ဌနှင့် အစည်းအဝေးများ – အစိုးရအဖွဲ့ခေါင်းဆောင် ဦးသိန်းစိန်သည် ၂၄ ကြိမ်(၄~၅ မေ)နှင့် ၂၅ ကြိမ်မြောက် (၁၂~၁၃ နိုဝင်ဘာ) အာဆီယံ ထိပ်သီးအစည်းအဝေးပွဲကို ဥက္ကဋ္ဌအဖြစ် လက်ခံကျင်းပခဲ့သည်။ အာဆီယံခေါင်းဆောင်များသည် အာဆီယံ အသိုက်အဝန်း(၂၀၁၅) အကြို နေပြည်တော်ကြေညာချက်ကို ထုတ်ပြန်ခဲ့ကြသည်။

၂၀၁၅

  • ဗိုလ်ရှုသဘင် (ဇန်နဝါရီ ၄ရက်)- နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် သမ္မတ တစ်ဦး၏ သက်တမ်း၌ တစ်ကြိမ်သာ ကျင်းပသည့် ဗိုလ်ရှုသဘင်အခမ်းအနားကို ပြန်လည်ကျင်းပခဲ့သည်။
  • တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(​အောက်တိုဘာ၁၅ရက်)- မြန်မာ့ငြိမ်းချမ်း​ရေး၏မှတ်​ကျောက်တစ်ခုဖြစ်​သောတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကိုလက်မှတ်​ရေးထိုးနိုင်ခဲ့သည်။
Remove ads

ဆက်စပ်ကြည့်ရန်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads