ဧကဓီတုသုတ်
From Wikipedia, the free encyclopedia
Remove ads
[၁] ရဟန်းတို့ ယုံကြည်မှု “သဒ္ဓါ”ရှိသော (သောတာပန်) ဥပါသိကာမသည် ချစ်ခင် စုံမက် နှစ်သက်မြတ်နိုးအပ်သော တစ်ဦးတည်းသောသမီးကို “ချစ်သမီး ... ဥပါသိကာ မဖြစ်လျှင် “ခုဇ္ဇုတ္တရာဥပါသိကာနှင့် ဝေဠုကဏ္ဍကီမြို့သူ နန္ဒမာတာဥပါသိကာမတို့လို ဖြစ်အောင် အားထုတ်စမ်းပါ၊ ဘိက္ခုနီဖြစ်လျှင်လည်း ခေမာထေရီနှင့် ဥပ္ပဝဏ္ဏာထေရီ တို့လိုဖြစ်အောင် ကျင့်စမ်းပါ၊ ဘုရားရှင်၏ တပည့်မ ဥပါသိကာတို့တွင် ခုဇ္ဇုတ္တရာ ဥပါသိကာနှင့် ဝေဠုကဏ္ဍကီမြို့သူ နန္ဒမာတာဥပါသိကာတို့သည်လည်းကောင်း၊ ဘိက္ခုနီတို့တွင် ခေမာထေရီနှင့် ဥပ္ပဝဏ္ဏာထေရီတို့သည်လည်းကောင်း ချိန်ခွင်သဖွယ် နှိုင်းယှဉ် တိုင်းတာဖွယ်တို့ ဖြစ်ကုန်၏၊ ချစ်သမီးသည် အရဟတ္တဖိုလ်သို့ မရောက်မချင်း သေက္ခ သာဖြစ်သေးသော ချစ်သမီးအား လာဘ, သက္ကာရ, သိလောက မရောက်ပါစေသတည်း၊ ထိုလာဘ, သက္ကာရ သိလောကသည် သေက္ခသာဖြစ်သေးသော ထိုချစ်သမီးအား အရဟတ္တဖိုလ်သို့ မရောက်နိုင်ရန် အတားအဆီး (အန္တရာယ်) ဖြစ်၏-ဟုတောင်းပန်မူ တောင်းပန်ရာ၏။ လာဘ, သက္ကာရ, သိလောကသည် ဤသို့အရဟတ္တဖိုလ်သို့ မရောက်နိုင်အောင် အန္တရာယ်ပြုနိုင်သဖြင့် ကြမ်းကြုတ် ခက်ထန်လှချေ၏။ လာဘ, သက္ကာရ၊ သိလောကတို့ကို အန္တရာယ်မပြုနိုင်အောင် ကျင့်ကြရမည်-ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၂]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads