ဩစတြီးယား-ဟန်ဂေရီ
From Wikipedia, the free encyclopedia
Remove ads
၁၈၆၇ ခုနှစ်တွင် ဥရောပတိုက်အလယ်ပိုင်းရှိ ဩစတြီးယားနိုင်ငံနှင့် ဟန်ဂေရီနိုင်ငံတို့သည်ပူးပေါင်း၍ ဘုရင်တစ်ဦးတည်း၏ အုပ်ချုပ်မှုအောက်တွင် ဩစထရို-ဟန်ဂေရီယန်ဧကရာဇ်နိုင်ငံ (အင်ပါယာ) ကို တည်ထောင်ခဲ့သည်။ ထိုအခါက ဩစတြီးယားနိုင်ငံတွင် ဘိုဟီးမီးယားနယ်ပါဝင်၍ ဟန်ဂေရီနိုင်ငံတွင် ခရိုအေးရှားနယ်နှင့် ဆလဗိုးနီးယားနယ်တို့ ပါဝင်သည်။ တစ်ဖန် ၁၉ဝ၈ ခုနှစ်တွင် အော့တိုမန် လက်အောက်ခံဖြစ်သော ဘော့စနီးယားနှင့် ဟားဇီဂိုဗီးနားနယ်များကို သိမ်းယူရရှိခဲ့သည်။ထို့ကြောင့် ဩစတီးယား-ဟန်ဂေရီနိုင်ငံသည် အကျယ်အဝန်းအားဖြင့် စတုရန်းမိုင်ပေါင်း ၂၆၄၂၀၄ မိုင်ရှိ၍ လူဦးရေအားဖြင့် ၅၁ သန်းကျော် နေထိုင်ခဲ့သည်။ ဥရောပတိုက်တွင် ရုရှနိုင်ငံမှလွဲလျှင် အကျယ်ပြန့်ဆုံး နိုင်ငံဖြစ်ခဲ့သည်။ သို့ရာတွင် နိုင်ငံအတွင်း၌ နေထိုင်သူများမှာ ဂျာမန်လူမျိုး၊ ဆဘ့်လူမျိုး၊ မက်ဂျာလူမျိုး၊ ချက်လူမျိုး၊ ပိုးလူမျိုး၊ ရုသီးနီးယန်းလူမျိုးနှင့် ဆလဗ်လူမျိုးဟူ၍ အမျိုးမျိုးကွဲပြားလျက်ရှိရာ ထိုလူမျိုးအသီးသီးတို့သည် နိုင်ငံကြီးတည်တံ့ခိုင်မြဲရေးထက် မိမိတို့နှင့် သက်ဆိုင်ရာနယ် လွပ်လပ်ရေးအတွက်သာ ပို၍အားထုတ် ဆောင်ရွက်ကြလေသည်။ လူမျိုးအလိုက် ဓလေ့ထုံးစံနှင့် ဘာသာစကားတို့ကိုလည်း ထိန်းသိမ်းထားကြသည်ဖြစ်ရာ ဓလေ့ထုံးစံနှင့် ဘာသာစကားအမျိုးမျိုး ကွဲပြားလျက်ရှိလေသည်။
ဩစတြီးယား- ဟန်ဂေရီနိုင်ငံကို အုပ်စိုးခဲ့သော ဧကရာဇ်ဘုရင်များမှာ ဖရန့်ဇ် ဂျိုးဆပ် (၁၈၆၇-၁၉၁၈) နှင့် ချားဘုရင်(ခရစ် ၁၉၁၆-၁၈) တို့ဖြစ်သည်။ ထိုဧကရာဇ်များသည် ဩစတြီးယားနိုင်ငံနှင့် ဟန်ဂေရီနိုင်ငံ နှစ်ခုကို စည်းလုံးညီညွတ်အောင် မဆောင်ရွက်နိုင်ခဲ့ကြချေ။ ဩစတြီးယားနိုင်ငံက တစ်နိုင်ငံလုံးတွင် ဩဇာလွှမ်းမိုးရန် ကြိုးစားသည်။ ဟန်ဂေရီနိုင်ငံကလည်း လွတ်လပ်သော နိုင်ငံအဖြစ်ကို ရလိုသည်။ ထိုသို့အားဖြင့် နိုင်ငံတွင်း၌ မကျေနပ်မှုများ ပေါ် ပေါက်လာ၍ အချင်းချင်း မသင့်မတင့်ဖြစ်ကြလေသည်။ ၁၉၁၄ ခုနှစ်သို့ရောက်သော် ဩစတြီးယားနိုင်ငံမှ အိမ်ရှေ့စံ ဖာဒီနန်နှင့် ကြင်ယာတော်တို့ကို ဆဘ့်အမျိုးသားတစ်ဦးက ဘော့စနီးယားနယ်တွင် လုပ်ကြံသတ်ဖြတ်ခဲ့သည်။ ထိုအရေးအခင်းကြောင့် ပထမကမ္ဘာစစ်(၁၉၁၄-၁၈) စတင်ဖြစ်ပွားခဲ့ရာ စစ်ပွဲအပြီးတွင် ဩစတြီးယား-ဟန်ဂေရီနိုင်ငံလည်း ပြိုကွဲခဲ့ရသည်။ ၁၉၁၉ ခုနှစ်တွင် ဩစတြီးယားနိုင်ငံနှင့် -ဟန်ဂေရီနိုင်ငံဟူ၍ သီးခြားနိုင်ငံနှစ်ခု သတ်မှတ်ခဲ့ကြသည်။ ယခင်က ဩစတြီးယား-ဟန်ဂေရီနိုင်ငံတွင်ပါဝင်သော ဘိုဟီးမီးယား၊ မိုရေးဗီးယား၊ ရုသီးနီးယားနှင့် ဆလိုဗားကီးယားနယ်များကို စုပေါင်းဖွဲ့စည်းထားသော ချက်ကိုစလိုဗားကီးယား နိုင်ငံနှင့် ဆားဗီးယားနှင့် မွန်တီနီးဂရိုးနယ်များကို စုပေါင်းဖွဲ့ စည်းထားသော ယူဂိုစလားဗီးယားနိုင်ငံဟူ၍ နိုင်ငံသစ်နှစ်ခု ပေါ်ပေါက်လာခဲ့သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads