၀၃၀၇ စစ်ဆင်ရေး

From Wikipedia, the free encyclopedia

၀၃၀၇ စစ်ဆင်ရေး ဟုလည်း သိကြသော ကချင်ပြည်နယ်တွင် ဆောင်ရွက်နေသော ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)၏ ထိုးစစ်သည် ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့တွင် စတင်ခဲ့သည့် စစ်ကောင်စီ တပ်မတော်အား တိုက်ခိုက်သည့် စစ်ဆင်ရေးတစ်ခု ဖြစ်သည်။ မြစ်ကြီးနားနှင့် ဗန်းမော်အကြား လမ်းတလျောက်တွင် အဓိကထိုးစစ်ဆင်နေသည့် ၀၃၀၇ စစ်ဆင်ရေးသည် ကေအိုင်အေ၏ ဌာနချုပ် လိုင်ဇာမြို့အား ခြိမ်းခြောက်နေသည့် စစ်ကောင်စီ ဗျူဟာစခန်းများအား သိမ်းပိုက်ရန်ဖြစ်သည်။[]

နောက်ထပ် အချက်အလက်များ ၀၃၀၇ စစ်ဆင်ရေး, ရက်စွဲ ...
၀၃၀၇ စစ်ဆင်ရေး
ပြည်သူ့ခုခံတော်လှန်စစ်၏ တစ်စိတ်တစ်ပိုင်း
ရက်စွဲ၇ မတ် ၂၀၂၄ - လက်ရှိ
(11 months, 1 week and 5 days)
နေရာကချင်ပြည်နယ်
အခြေအနေ ဖြစ်ပွားနေဆဲ
နယ်နမိတ်
ပြောင်းလဲမှုများ
မြစ်ကြီးနား-ဗန်းမော်လမ်းတလျောက် စစ်ကောင်စီစခန်း ၇၀ ကျော်အား ကချင်တပ်ဖွဲ့များက သိမ်းပိုက်ထား[][]
စစ်ရင်ဆိုင်သည့် နိုင်ငံများ
 တပ်မတော် ကချင်လွတ်မြောက်ရေးတပ်မတော် နှင့် ကချင်ပြည်နယ်အခြေစိုက် အခြားတော်လှန်ရေးအဖွဲ့များ
တပ်မှူးများနှင့် ခေါင်းဆောင်များ
ပါဝင်သည့် တပ်ဖွဲ့များ

 တပ်မတော်

ပြည်သူ့စစ်အဖွဲ့များ

အခြား စစ်အာဏာရှင် ဆန့်ကျင်ရေးအဖွဲ့များ

စစ်အင်အား
မသိရှိရ ၂၁,၅၀၀+
အသေအပျောက်
၄၀ ကျော် သေဆုံး
"၁၀၀ ကျော် လက်နက်ချ"[]
၆ ဦးကျော် သေဆုံး
ပိတ်ရန်

ယခင်ထိုးစစ်များ

ဖားကန့်

ရှမ်းပြည်နယ်မြောက်ပိုင်း

တပ်မတော်နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့အား တရုတ်ကြားဝင်စေ့စပ်သော ရှမ်းမြောက်အပစ်အခတ်ရပ်စဲရေးအပြီးတွင် ကချင်လွတ်မြောက်ရေးတပ်မတော်၊ ကချင် ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးတို့သည် မိုးမိတ်ခရိုင်ကို ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ထိုးစစ်တစ်ခုကို စတင်ခဲ့သည်။ ဇန်နဝါရီ ၁၈ ရက်နေ့တွင် မဟာမိတ်အဖွဲ့များက မိုးမိတ်မြို့တွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး မိုးမိတ်ရဲစခန်းနှင့် အနီးရှိ ရွာနှစ်ရွာကို သိမ်းပိုက်ခဲ့သည်။[] စစ်ကောင်စီတပ်များက လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပြန်လည်တုံ့ပြန်ခဲ့သည်။[] မိုးမိတ်ထိုးစစ်အတွင်း ကေအိုင်အေနှင့် မဟာမိတ်တပ်များသည် ဇန်နဝါရီ ၁၉ ရက်နေ့တွင် မဘိမ်းမြို့နယ်တွင်လည်း တိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့သည်။ ဇန်နဝါရီ ၂၁ ရက်နေ့တွင် မဘိမ်းမြို့နှင့် မဘိမ်းမြို့နယ်၏ ဒေသအများအပြားကို သိမ်းပိုက်ခဲ့သည်။[] ထိုနေ့မှာပင် မံစီမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၇ ဦးသည် တရုတ်-မြန်မာနယ်စပ်ကို ဖြတ်ကျော်ထွက်ပြေးသွားခဲ့ကြသည်။[] မတ်လ ၂၅ ရက်နေ့တွင် မဟာမိတ်ပူးပေါင်းအဖွဲ့များသည် မိုးမိတ်မှ ဆုတ်ခွာခဲ့သည်။ မတ်လ ၂၆ ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်ရှိ နမ့်ဖတ်ကာရွာကို ကေအိုင်အေက သိမ်းပိုက်ခဲ့သည်။[]

တီအန်အယ်လ်အေ နှင့် တင်းမာမှု

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်နှင့် မဟာမိတ်များဖြစ်ကြသော ကေအိုင်အေနှင့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ)တို့သည် ဖေဖော်ဝါရီလတွင် တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကေအိုင်အေတပ်သား ၅၀ သည် တီအန်အယ်လ်အေက ဇန်နဝါရီလက သိမ်းပိုက်ထားသော ကွတ်ခိုင်မြို့သို့ ဝင်ရောက်ခဲ့သည်။ တီအန်အယ်လ်အေစစ်ဆေးရေးဂိတ်တွင် ညအိပ်နေမည်မဟုတ်ကြောင်း ပြောဆိုခဲ့သော်လည်း ကချင်တော်လှန်ရေးနေ့ကို ကျင်းပရန် မြို့လည်သို့ သွားရောက်ခဲ့ကာ အလံလွှင့်ထူခြင်းနှင့် စစ်သားစုဆောင်းခြင်းများကို ပြုလုပ်ခဲ့ကြသည်။ ယင်းအတွက် တီအန်အယ်လ်အေက အလံများဖယ်ရှားကာ အရပ်သားများကို ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။[၁၀] နမ့်ဖတ်ကာမှ ကွတ်ခိုင်မြို့သို့ ကေအိုင်အေက ဝင်ရောက်မည်ဟူသော ကောလဟာလများကြောင့် ကွတ်ခိုင်မြို့ခံများက တပ်ဖွဲ့နှစ်ခုအကြား တိုက်ခိုက်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ခဲ့ကြသည်။[၁၀]

၀၃၀၇ စစ်ဆင်ရေး

မတ်လ ၇ ရက်နေ့တွင် ကေအိုင်အေသည် ကချင်ပြည်နယ် အရှေ့ပိုင်းရှိ စစ်ကောင်စီစခန်း ဆယ်ခုကျော်အား တပြိုင်နက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ တိုက်ခိုက်မှုများသည် ဗန်းမော်နှင့် မြို့တော် မြစ်ကြီးနားလမ်းတလျောက်နှင့် လိုင်ဇာမြို့ဝန်းကျင်တို့တွင် ဖြစ်ပွားခဲ့သည်။ တိုက်ခိုက်မှုများသည် ကချင်ပြည်နယ်အတွင်း ကြီးမားသော ထိုးစစ်တစ်ခုစတင်ခြင်းအဖြစ် ဖော်ပြခဲ့ကြပြီး ယင်းထိုးစစ်စတင်သည့် ရက်အား အစွဲပြုကာ "၀၃၀၇ စစ်ဆင်ရေး"ဟု အချို့က ခေါ်ဆိုခဲ့ကြသည်။[၁၁] မတ်လ ၈ ရက်နေ့အပြီးတွင် လိုင်ဇာမြို့နှင့် အနီးဆုံးရှိ စစ်ကောင်စီ၏ ရှေ့တန်းစခန်းတစ်ခုအပါအဝင် အခြေစိုက်စခန်းကြီး သုံးခုနှင့် စစ်စခန်းများစွာကို သိမ်းပိုက်ခဲ့သည်။[၁၂] တိုက်ပွဲများအတွင်း စစ်ကောင်စီကို ထောက်ခံသည့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းသည် အောင်မြေသစ်ရွာတွင် သေဆုံးခဲ့သည်။ []

မတ်လ ၈ ရက်နေ့တွင် ဆွမ်ပရာဘွမ်၏ မြောက်ဘက်ရှိ စစ်ကောင်စီစခန်းအား ကေအိုင်အေက သိမ်းပိုက်ခဲ့ပြီး မတ်လ ၁၄ ရက်နေ့တွင် မြို့နှင့် မြို့စောင့်တပ်အား ဆက်လက်တိုက်ခိုက်ခဲ့သည်။[၁၃]

မတ်လ ၂၂ ရက်နေ့တွင် လိုင်ဇာမြို့ဝန်းကျင်ရှိ ရှေ့တန်းစခန်းများအားလုံး၊ မြို့နယ် ၅ မြို့နယ်ရှိ တပ်ရင်းဌာနချုပ်များနှင့် ပါဂျောင်အနီးရှိ စခန်းများအပါအဝင် မြစ်ကြီးနား-ဗန်းမော်လမ်းရှိ စစ်ကောင်စီ၏ စစ်စခန်း ၅၀ ကျော်နှင့် ဗျူဟာကုန်း ၁၃ ခုအား ကေအိုင်အေက သိမ်းပိုက်နိုင်ခဲ့သည်။[]

မတ်လ ၂၈ ရက်နေ့တွင် မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့အနီးရှိ စစ်ကောင်စီစခန်းနှစ်ခုကို ကေအိုင်အေက သိမ်းပိုက်ခဲ့သည်။[၁၄] ဧပြီလ ၁ ရက်နေ့တွင် ဗန်းမော်-လွယ်ဂျယ်လမ်းကို ကေအိုင်အေက ထိန်းချုပ်နိုင်ခဲ့သည်။[၁၅]

ဧပြီလ ၁၁ ရက်နေ့တွင် ဖားကန့်-ကာမိုင်းလမ်းကို ကေအိုင်အေတို့ သိမ်းပိုက်ထားနိုင်ခဲ့သည်။[၁၆] ဧပြီလ ၂၄ ရက်နေ့တွင် ဆယ်ဇင်းကို သိမ်းပိုက်ခဲ့ပြီး ဖားကန့်မြို့အဝင် အဓိကလမ်းများကို ထိန်းချုပ်ထားကာ မြို့အား ဝိုင်းရံထားနိုင်ခဲ့သည်။[၁၇] ဆင်ဘိုမြို့ရဲစခန်းအား တစ်လကြာ သိမ်းပိုက်ထားပြီးနောက် မြို့အား ဧပြီ ၂၉ ရက်နေ့တွင် ကေအိုင်အေက သိမ်းပိုက်ခဲ့ပြီး ဗန်းမော်-မြစ်ကြီးနားလမ်းကို ဖြတ်တောက်ထားခဲ့သည်။[၁၈]

မေလ ၄ ရက်နေ့တွင် ဝိုင်းမော်မြို့နယ်တွင်းရှိ စစ်ကောင်စီနေရာအတော်များများအား ကေအိုင်အေက တိုက်ခိုက်မှုများ တပြိုက်နက် ပြုလုပ်ခဲ့ကာ စစ်စခန်းများအား သိမ်းပိုက်ခဲ့သည်။ မေလ ၄-၅ ရက်နေ့အကြား ဆွမ်ပရာဘွမ်စစ်ဗျူဟာစခန်းနှင့် ဆွမ်ပရာဘွမ်ပတ်လည်ရှိ စစ်ကောင်စီစခန်းများအား သိမ်းပိုက်ခဲ့သည်။[၁၉] မေလ ၈ ရက်နေ့တွင် ဆွမ်ပရာဘွမ်မြို့နှင့် အနီးတဝိုက်ကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့သည်။[၂၀] ထိုနေ့မှာပင် တပ်ရင်း ၁၁ ရင်း ဌာနချုပ်များအပါအဝင် စစ်ကောင်စီ စစ်စခန်း ၈၀ ကျော်ကို သိမ်းပိုက်ထားပြီးဖြစ်သည်ဟု ကေအိုင်အေက ကြေညာခဲ့သည်။[၂၁] မေလ ၉ ရက်နေ့တွင် မိုးမောက်မှ စစ်ကောင်စီတပ်သားများ ဆုတ်ခွာသွားခဲ့ကာ မိုးမောက်နှင့် မန်စီရဲစခန်းတို့ကို ကေအိုင်အေက သိမ်းပိုက်ခဲ့သည်။[၂၂][၂၃] ထိုနေ့မှာပင် မြစ်ကြီးနားမြို့အဝင်ရှိ ဗလမင်းထင်တံတားရှိ စစ်ကောင်စိစစ်ဆေးရေးဂိတ်ကို ကေအိုင်အေက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။[၂၄] မေလ ၁၃ ရက်နေ့တွင် မန်စီမြို့၏ ထက်ဝက်ကို သိမ်းပိုက်ထားနိုင်ပြီဟု ကေအိုင်အေက ဆိုသည်။[၂၅] မေလ ၁၆ ရက်နေ့တွင် တနိုင်းမြို့၏ အနောက်တောင်ရှိ နမ့်ဗျူစခန်းကို ကေအိုင်အေက သိမ်းပိုက်ခဲ့သည်။[၂၆] မေလ ၁၈ ရက်နေ့တွင် ဆွမ်ပရာဘွမ်မြို့အား ပြန်လည်ရယူရန် ပူတာအိုမှ စစ်ကူလာသော စစ်ကောင်စီတပ်အား ကေအိုင်ကေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဖက်မှ အကျအဆုံး များပြားခဲ့သည်။[၂၇] ထိုနေ့မှာပင် ဝိုင်းမော်မြို့နယ်တွင် ကေအိုင်ကေ က ထိုးစစ်ပြုလုပ်ခဲ့ပြီး မေလ ၂၀ ရက်နေ့အထိ စစ်ကောင်စီစခန်း တစ်ဒါဇင်နီးပါး သိမ်းပိုက်ခဲ့သည်။[၂၈] မေလ ၁၉ ရက်နေ့တွင် ဝိုင်းမော်မြို့အဝင်ကို ထိန်းချုပ်ထားသော စစ်ကောင်စီစခန်းကို ကေအိုင်အေတပ်ဖွဲ့ဝင်များက သိမ်းပိုက်ခဲ့သည်။[၂၉]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.