၁၉၆၅ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော်
From Wikipedia, the free encyclopedia
Remove ads
၁၉၆၅ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော် သည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ၁၉၆၅ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်မှ ၂၁ ရက်နေ့အထိ ကျင်းပခဲ့သော တတိယအကြိမ်မြောက် အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲ ဖြစ်သည်။
မူလက လက်ခံကျင်းပမည့် လာအိုနိုင်ငံမှာ နိုင်ငံရေးပြဿနာများကြောင့် မူလက ကျင်းပမည့် ၁၉၆၃ ခုနှစ်တွင် ကျင်းပနိုင်ခြင်းမရှိဘဲ ၁၉၆၅ ခုနှစ်တွင် မလေးရှားနိုင်ငံမှ တတိယအကြိမ် အားကစားပွဲအဖြစ် ကျင်းပခြင်းဖြစ်သည်။ မလေးရှားနိုင်ငံအနေဖြင့် ပထမဆုံးအကြိမ်လက်ခံကျင်းပခြင်းဖြစ်ပြီး ထိုင်း၊မြန်မာပြီးနောက် တတိယမြောက် အိမ်ရှင်နိုင်ငံဖြစ်သည်။
မလေးရှားနိုင်ငံဘုရင် Ismail Nasiruddin of Terengganuမှ မာဒေးကားအားကစားကွင်းတွင် အားကစားပွဲတော်အား ဖွင့်လှစ်ပေးခဲ့သည်။
နိုင်ငံအသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်သူ ၉၆၃ဦးရှိခဲ့သည်။ ထိုင်း၊ မလေးရှား၊ စင်ကာပူတို့မှ နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။
Remove ads
ပွဲများနှင့်အားကစား
ပါဝင်သည့်နိုင်ငံများ
အားကစားနည်းများ
အားကစားနည်းပေါင်း ၁၄မျိုးပါဝင်ခဲ့သည်။
ဆုတံဆိပ်ဇယား
- Key
* အိမ်ရှင်နိုင်ငံ
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads