၁၉၉၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ

စင်ကာပူနိုင်ငံတွင် ကျင်းပသော အားကစားပြိုင်ပွဲ From Wikipedia, the free encyclopedia

၁၉၉၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
Remove ads

၁၉၉၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (XVII Southeast Asian Games, SEA Games 93) သည် စင်ကာပူနိုင်ငံတွင် ၁၉၉၃ခုနှစ် ဇွန်လ၁၂ရက်နေ့မှ ၂၀ရက်နေ့အထိ ကျင်းပခဲ့သော ၁၇ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဖြစ်သည်။

အချက်တိုများ ကျင်းပရာမြို့, ပါဝင်သော နိုင်ငံများ ...

စင်ကာပူနိုင်ငံသည် ၁၉၇၃စင်ကာပူပွဲ​တော် နှင့် ၁၉၈၃စင်ကာပူပွဲ​တော် တို့ကို နှစ်ကြိမ်တိုင်တိုင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ယခု အားကစားပွဲတော်သည် စင်ကာပူနိုင်ငံအနေဖြင့် တတိယအကြိမ်မြောက် လက်ခံကျင်းပခြင်းဖြစ်သည်။

သမ္မတ ဝီကင်မ်ဝီက အားကစားပွဲတော်ကို ဖွင့်လှစ်​ပေးခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် အားကစားပြိုင်ပွဲတွင် ပါဝင်လာခဲ့ခြင်းမရှိ၍ အဖွဲ့ဝင် ၉နိုင်ငံသာ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

အားကစားနည်းပေါင်း ၂၉မျိုးဖြင့် ကျင်းပခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံတို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယတို့ ရရှိခဲ့သည်။ဤအားကစားပွဲတော်သည် အရှေ့တောင်နိုင်ငံများ၏ အားကစားအဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို မြင့်မားလာစေသော အားကစားပြိုင်ပွဲလည်း ဖြစ်သည်။[]

Remove ads

ပြိုင်ပွဲအထိမ်းအမှတ်များ

အထိမ်းအမှတ်တံဆိပ်

၁၉၉၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ စင်ကာပူနိုင်ငံ၏ ကိုယ်စားပြုဖြစ်​သော ခြင်္သေ့တစ်​ကောင်၏ ပုံရိပ်ဖြစ်သည်။ ခြင်္သေ့၏ အ​ရောင်များဖြစ်​သော အပြာ​ရောင်၊ အဝါ​ရောင်၊ အနီ​ရောင်၊ အနက်​ရောင်နှင့် အစိမ်း​ရောင်တို့မှာ အိုလံပစ် အ​ရောင်များဖြစ်သည်။ အိုလံပစ်နှင့် အားကစားသမားများ၏ အားကစားစိတ်ဓာတ်တို့ကို ကိုယ်စားပြုသည်။ ကွင်း ၆ကွင်းမှာ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ မူလ၆နိုင်ငံနှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ကိုယ်စားပြုသည်။

လာဘ်​ကောင်

၁၉၉၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ လာဘ်​ကောင်မှာ စင်ကာ (Singa)ဟု​ခေါ်​သော ခြင်္သေ့ဖြစ်သည်။ သူ​၏ အသဘ်းပုံရှိ​သော လည်ဆံ​မွှေးနှင့် အမြှီးတို့မှာ အချစ်များနှင့်ပြည့်​နေ​သောမြို့​တော်မှ အားကစားသမားများကို ကြို​နေ​ကြောင်း ကိုယ်စားပြုသည်။[][]

Remove ads

ပွဲများနှင့်အားကစား

ပါဝင်သည့် နိုင်ငံများ

အားကစားနည်းများ

  • ရေပိုင်းဆိုင်ရာ အားကစားနည်းများ
  • မြားပစ်
  • ပြေးခုန်ပစ်
  • ကြက်တောင်ရိုက်
  • ဘက်စကတ်ဘော
  • ဘီလိယက်နှင့် စနူကာ
  • ကိုယ်ကာယအလှပြ
  • ဘိုလင်း
  • လက်ဝှေ့
  • =စက်ဘီးစီး
  • ဓားသိုင်း
  • ဘောလုံး
  • ဂေါက်သီးရိုက်
  • ကျွမ်းဘား
  • ဟော်ကီ
  • ဂျူဒို
  • ကရာ​တေး
  • ပန်ကြတ်ဆီလပ်
  • ရွက်​လှေ
  • ပိုက်ကျော်ခြင်း
  • သေနတ်ပစ်
  • Squash
  • စားပွဲတင်တင်းနစ်
  • တိုက်ကွမ်ဒို
  • တင်းနစ်
  • ရိုးရာ​လှေ
  • ဘော်လီဘော
  • အလေးမ
  • ဝူရှူး

ဆုတံဆိပ်ဇယား

၁၉၉၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၃၁၉ခု၊ ငွေတံဆိပ် ၃၁၈ခု၊ ကြေးတံဆိပ် ၄၁၁ခု၊ စုစုပေါင်း တံဆိပ် ၁၀၄၈ခုကို ချီးမြှင့်နိုင်ခဲ့သည်။ အိမ်ရှင် စင်ကာပူနိုင်ငံအနေဖြင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ တစ်လျှောက် အမြင့်မားဆုံး အောင်မြင်မှုကို ရရှိခဲ့သည်။

Key

  *   အိမ်ရှင်နိုင်ငံ

နောက်ထပ် အချက်အလက်များ အဆင့်, NOC ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads