၁၉ ရာစုနှစ်

ရာစုနှစ် From Wikipedia, the free encyclopedia

၁၉ ရာစုနှစ်
Remove ads

၁၉ ရာစုနှစ် (၁ ဇန်နဝါရီ ၁၈၀၁ - ၃၁ ဒီဇင်ဘာ ၁၉၀၀) စပိန်အင်ပါယာ၊ ပြင်သစ်အင်ပါယာ၊ ရိုမန်အင်ပါယာနှင့် မက်ဟယ်အင်ပါယာတို့၏ ပြိုလဲချိန်ဖြစ်သည်။ ယင်းသည် ဗြိတိသျှအင်ပါယာ၊ ရုရှားအင်ပါယာ၊ အမေရိကန်၊ ဂျာမန်အင်ပါယာ၊ ပြင်သစ်အင်ပါယာနှင့် ဂျပန်အင်ပါယာတို့ကို အင်အားကြီးစေခဲ့သည်။ ပြင်သစ်အင်ပါယာ ကျရှူံးပြီးနောက် ရုရှားနှင့် ဗြိတိသျှတို့သည် ကမ္ဘာ့ထိပ်တန်း ဩဇာအာဏာရှိအင်ပါယာများအဖြစ် ရောက်ရှိခဲ့သည်။ ရုရှားအင်ပါယာသည် အာရှအလယ်ပိုင်းနှင့် အရှေ့ဘက်ပိုင်းသို့ ကျယ်ဝန်းလာခဲ့သည်။ ဗြိတိသျှအင်ပါယာသည်လည်း ကနေဒါ၊ ဩစတျေးလျ၊ တောင်အာဖရိကနှင့် အိန္ဒိယသို့ လျင်မြန်စွာ တိုးချဲ့လာခဲ့သည်။ ရာစုနှစ်အကုန်တွင် ဗြိတိသျှသည် ကမ္ဘာ့ကုန်းမြေပြင်၏ ၅ ပုံ တစ်ပုံနှင့် ကမ္ဘာ့လူဦးရေ၏ ၄ ပုံ ၁ ပုံကို ထိန်းချုပ်ခဲ့သည်။ ပထမဆုံး အီလက်ထရွန်းနစ်သည် ၁၉ ရာစုတွင် ပေါ်ပေါက်ခဲ့သည်။ တယ်လီဂရပ်၊ မော့စ်ကုဒ်နှင့် ပထမဆုံး တယ်လီဖုန်းခေါ်ဆိုမှုကို ၁၈၇၆ တွင် ပြုလုပ်ခဲ့သည်။ [] ၁၈၇၈ တွင် အသုံးပြု၍ရသည့် ပထမဆုံး မီးသီးကို လုပ်ဆောင်ခဲ့သည်။[] လျှပ်စစ်စွမ်းအား၊ သင်္ချာရူပဗေဒဓာတုဗေဒနှင့် ဇီဝဗေဒစသော သိပ္ပံစူးစမ်းရှာဖွေမှုနှင့် တီထွင်မှုတို့သည် ၁၉ ရာစုတွင် လျင်မြန်စွာ အရှိန်တိုးလာခဲ့သည်။ ယင်းတို့သည် ၂၀ ရာစုနှစ် နည်းပညာအတွက် အခြေခံအချက်များဖြစ်သည်။[] စက်မှုတော်လှန်ရေးသည် ဗြိတိသျှတွင် ဖြစ်ပွားခဲ့ပြီး ဥရောပတိုက်၊ မြောက်အမေရိကနှင့် ဂျပန်သို့ ပြန့်နှံ့ခဲ့သည်။[] ၁၉ ရာစုအတွင်း ဥရောပရှိ လူဦးရေသည် ၂၀၀ မီလီယံမှ ၄၀၀ မီလီယံအထက် ၂ ဆ ခုန်တက်ခဲ့သည်။[] ရထားလမ်းအား စတင်မိတ်ဆက်ခဲ့သောကြောင့် သွားလာရေးနည်းလမ်းကို တစ်မျိုးတဖုံ ပြောင်းလဲပစ်သည်။ မြို့ပြလူနေမှုစနစ် ထွန်းကားလာခဲ့ကာ လန်ဒန်သည် လူဦးရေ ၁ မီလီယံမှ ၆.၇ မီလီထိ တိုးပွားလာခဲ့ပြီး လူဦးရေ အထူထပ်ဆုံးမြို့ ဖြစ်လာခဲ့သည်။



Thumb
၁၈၁၀ ကာလကျွန်းဆွယ်စစ်ပွဲအတွင်း နပိုလီယံသည် စပိန်သို့ ဝင်ရောက်ခဲ့
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads