၂၀၁၀ ဧပြီ ရန်ကုန်သင်္ကြန် ဗုံးပေါက်ကွဲခြင်း
From Wikipedia, the free encyclopedia
Remove ads
၂၀၁၀ ဧပြီ ရန်ကုန်သင်္ကြန် ဗုံးပေါက်ကွဲခြင်းမှာ ၁၅ ဧပြီ ၂၀၁၀ ခုနှစ်တွင် ရန်ကုန်မြို့၌ သင်္ကြန်ပွဲတော်အတွင်း ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပြီး လူ ၁၀ ဦး သေဆုံးကာ ၁၇၈ ဦး ဒဏ်ရာရရှိခဲ့သည်။
Remove ads
နောက်ခံအခြေအနေ
ရန်ကုန်မြို့တွင်းနှင့် အနီးအနားပတ်ဝန်းကျင်တွင် ယခင်ကာလကပင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။ ၂၀၀၆ ခုနှစ် ဧပြီလတွင်လည်း ရန်ကုန်မြို့လယ်ဝန်းကျင်တွင် ဗုံး ၅ လုံးပေါက်ကွဲမှု ဖြစ်ခဲ့ပြီး သတင်းထုတ်ပြန်ချက်များအရ သေဆုံးသူမရှိခဲ့ပေ။ ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် ရန်ကုန်မြို့တော်ခန်းမ အပြင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၇ ဦးသေဆုံးခဲ့ကာ လူများစွာ ဒဏ်ရာရရှိခဲ့သည်။[၃]
ဗုံးပေါက်ကွဲခြင်း
၂၀၁၀ ခုနှစ် ဧပြီလ ၁၅ ရက်နေ့တွင် ကန်တော်ကြီးအနီးရှိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးဖြစ်သူမှ[၅] ကမကထပြုပေးသော X2O မဏ္ဍပ်ရှေ့တွင် နေရာ သုံးနေရာခွဲ၍ ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ထိုမဏ္ဍပ်တွင် ရေကစားသူ ရာဂဏန်းရှိနေသည်။[၆][၇][၇]
စုံစမ်းစစ်ဆေးခြင်း
ရဲချုပ် ဗိုလ်ချုပ်ခင်ရီ၏ ပြောကြားချက်အရ အဆိုပါပေါက်ကွဲမှုသည် မြန်မာ ကျောင်းသား စစ်သည်တော်များ အဖွဲ့မှ အဖွဲ့ဝင်သုံးဦးနှင့် ပါဝင်ပတ်သက်မှု ရှိနေသည်ဟု ဆိုသည်။
ထိုဗုံးပေါက်ကွဲမှုတွင် ပါဝင်ပတ်သက်မှုရှိသည်ဟုဆိုကာ ဖြိုးဝေအောင်အား တရားစွဲဆိုခဲ့ပြီး ၂၀၁၂ မေလတွင် သေမိန့်ချခဲ့သည်။ သူသည် တရားစွဲဆိုမှုများတွင် အပြစ်ကင်းစင်ကြောင်း အသနားခံစာတင်ခဲ့သည်။ သူ၏ ပြောဆိုချက်များအရ သူ့အား စစ်ကြောမေးမြန်းနေစဉ်အတွင်းတွင် ညှဉ်းပန်းနှိပ်စက်မှုများနှင့် ကြုံတွေခဲ့ရသည်ဟု ဆိုသည်။ သူသည် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင် ၂၀၁၂ ခုနှစ် ဩဂုတ်လတွင် ထောင်မှ လွတ်၍လာခဲ့သည်။ သို့သော် ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် အသည်းကင်ဆာရောဂါဖြင့် သေဆုံးခဲ့ရသည်။[၂][၈]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads