၂၀၁၂ နွေရာသီ အိုလံပစ်ပြိုင်ပွဲ
From Wikipedia, the free encyclopedia
Remove ads
လန်ဒန် အိုလံပစ် ၂၀၁၂ (သို့) လန်ဒန် ၂၀၁၂ ကို ယူနိုက်တက် ကင်းဒမ်း ရှိ လန်ဒန်မြို့တော်တွင် ၂၇၊ ဇူလိုင်၊ ၂၀၁၂ မှ ၁၂၊ ဩဂုတ် ၂၀၁၂ အထိ ကျဉ်းပခဲ့သည်။ ဖွင့်ပွဲကို လန်ဒန် ဂရင်းဝစ် စံတော်ချိန် ၂၁၀၀ နာရီတွင် စတင်ခဲ့ပြီး၊ ဥရောပ ရုပ်သံလွှင့် သမဂ္ဂမှ ဥရောပ တခွင်တွင် အိုလံပစ်ပွဲတော်အား တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့သည်။ ၎င်းအိုလံပစ် နွေရာသီ အားကစားပွဲတော်သည် ယူနိုက်တက် ကင်းဒမ်းနိုင်ငံတွင် တွင်သုံးကြိမ်မြောက် ကျဉ်းပခဲ့ခြင်းဖြစ်သည်။
Remove ads
မြန်မာနိုင်ငံမှ ဝင်ရောက် ယှဉ်ပြိုင်
လန်ဒန် အိုလံပစ် ပွဲတော်တွင် မြန်မာနိုင်ငံမှ အားကစားသမား ၆ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
- ကျား ၁၀မီတာ လေပစ်စတိုပစ်ပြိုင်ပွဲ- မောင်ကြူ (၄၄ယောက်ယှဉ်ပြိုင်ရာတွင် အဆင့် ၃၉ရရှိခဲ့)
- လှေလှော်ပြိုင်ပွဲ- ရွှေဇင်လတ်
- မြားပစ်ပြိုင်ပွဲ- နေမျိုးအောင်
- ပြေးခုန်ပစ် ပြိုင်ပွဲ မီတာ ၄၀၀- ကိုသက်ဇော်ဝင်း
- ဂျူဒို ပြိုင်ပွဲ- မအေးအေးအောင်
- မာရသွန်ပြိုင်ပွဲ- မနီလာဆန်း[၂][၃]
တို့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။[၄]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads