၂၀၁၆

သက္ကရာဇ် From Wikipedia, the free encyclopedia

Remove ads

၂၀၁၆ (MMXVI) သည် ဂရီဂေါရီးယန်း ပြက္ခဒိန်တွင် သောကြာနေ့မှ စတင်သော ရက်ထပ်နှစ်ဖြစ်ပြီး၊ ယနေ့ခေတ် (Common Era) နှင့် အေဒီ (Anno Domini) ၏ ၂၀၁၆ ကြိမ်မြောက် ခုနှစ်ဖြစ်ကာ၊  ထောင်စုနှစ်၏ ၁၆ ကြိမ်မြောက် ခုနှစ်၊ ၂၁ ရာစုနှစ်၏ ၁၆ ကြိမ်မြောက် ခုနှစ်ဖြစ်ပြီး ၂၀၁၀ ဆယ်စုနှစ်၏ ၇ ကြိမ်မြောက် ခုနှစ် ဖြစ်သည်။

Remove ads

ဇန်နဝါရီလ

ဖေဖော်ဝါရီလ

(၁) ရက်။

မတ်လ

(၁) ရက်။

ဧပြီလ

  • ၁ ဧပြီ – ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုးသော လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်ချက်ကို ဗဟိုရုံးများ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြည်နယ်၊ တိုင်းအစိုးရများအား ညွှန်ကြား။
    • ဆောက်လုပ်ရေး ဝန်ကြီးဌာန လမ်းတံတားကြေး ကောက်ခံသည့် ဂိတ် ၁၆၁ ဂိတ်ကို ပိတ်သိမ်း။
  • ၅ ဧပြီ – ဒေါ်အောင်ဆန်းစုကြည် ဝန်ကြီးဌာနနှစ်ခု ပြန်လွှဲ၍ အစိုးရအဖွဲ့ ပြန်လည်ပြင်ဆင် ဖွဲ့စည်း။
  • ၆ ဧပြီနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဆိုင်ရာဥပဒေပြဋ္ဌာန်း။
  • ၈ ဧပြီ – နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ဖမ်းဆီးခံကျောင်းသားများ၊ နိုင်ငံရေးနှင့် ဆက်နွယ်ပြီး အမှုရင်ဆိုင်နေရသူ ၁၉၉ ဦး လွှတ်ပေး။
  • ၁၄ ဧပြီ – ညာဘက်မျက်လုံး ခွဲစိတ်ထားသည့်ကြားမှပင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သင်္ကြန်အကြတ်နေ့ (၂၀၁၆ ဧပြီလ ၁၄ ရက်) နေ့လယ် ၂ နာရီ ၄၅ မိနစ်မှ ညနေ ၆ နာရီ ၁၀ မိနစ်အထိ ရုံးတက်၍ အရေးကြီးကိစ္စရပ်များ ဆောင်ရွက်။
  • ၁၆ ဧပြီ – အကျဉ်းသား (၈၃)ဦး လွတ်ငြိမ်းခွင့်ပြုရန် သမ္မတလက်မှတ်ထိုး။
  • ၁၇ ဧပြီ – နှစ်ဆန်း (၁)ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူသို့ ကျေးဇူးတင်လွှာ ထုတ်ပြန်။
    • -ဧပြီလကစ၍ သစ်ထုတ်လုပ်မှု တစ်နှစ်ရက်နား။
Remove ads

မေလ

(၂၀) ရက်။

  • ရန်ကုန်တိုင်းဒေသကြီးရှိ အထပ်မြင့်အဆောက်အဦများကို စည်းမျဉ်းစည်းကမ်းနှင့်မညီ၍ ပြန်လည်စိစစ်မည်ဟု အကြောင်းပြချက်ဖြင့်

ရန်ကုန်တိုင်း ဝန်ကြီးချုပ်က တည်ဆောက်မှုရပ်နားရန် အမိန့်ထုတ်။ (၂၁) ရက်။

  • ဇာတ်ပို့ဟာသသရုပ်ဆောင် ရှက်တယ် သည် တွံတေးမြို့တစ်ဖက်ကမ်း ကရင်ချောင်းကျေးရွာသို့ ဇာတ်ကရန်သွားရောက်စဉ် ရုတ်တရက် အစာအိမ်သွေးကြောပေါက်ကာ မေလ(၂၁)ရက်နေ့ ည(၉း၃၀)နာရီတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၃၉)နှစ်ရှိပြီဖြစ်သည်။
Remove ads

ဇွန်လ

(၁၁)ရက်။

  • မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်း။

(၂၃)ရက်။

  • ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ။

ဇူလိုင်လ

(၂) ရက်။

  • Nok Air 2014 အလှမယ် နှင့် Miss Myanmar World 2016 ၏ Top 5 စာရင်းဝင် ပိုးစန္ဒာခင် သည် ဇူလိုင်လ (၂)ရက်နေ့ မနက်တွင် လေ့ကျင့်ခန်းပြုလုပ်နေစဉ် ရုတ်တရက်နှလုံးဖောက်ကာ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် (၂၄) နှစ်ရှိပြီဖြစ်သည်။

(၁၁)ရက်။

  • အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဖွဲ့စည်း။

(၂၉)ရက်။

  • အစိုးရသစ်က (၅)နှစ်တာအတွင်း အကောင်အထည်ဖော်မည့် နိုင်ငံတော်၏ စီးပွားရေးမူဝါဒကို အစိုးရတက်လာပြီး ရက်၁၂၀ခန့်အကြာ ထုတ်ပြန်ကြေညာ။
Remove ads

ဩဂုတ်လ

(၈)ရက်။

  • နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အရေးကြီးအကြောင်းအရာ လေးခုကို နှစ်နာရီခွဲကြာ တွေ့ဆုံဆွေးနွေး။

(၁၂)ရက်။

  • ဧရာဝတီမြစ်စုံ၊ မြစ်ညှာ၊ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဖွဲ့စည်း။

(၃၁)ရက်။

  • ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစု ပင်လုံပထမအစည်းအဝေး စတင်ကျင်းပ။

စက်တင်ဘာလ

(၅) ရက်။

  • ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖွင့်ပွဲပြုလုပ်။

(၁၉)ရက်။

  • ရပ်ကွက် (သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ဧည့်စာရင်းတိုင်ကြားရသည့် စနစ်ပယ်ဖျက်ရန် ပြည်သူ့လွှတ်တော် အတည်ပြု။

(၂၃)ရက်။

  • ငြိမ်းချမ်းစွာ စုဝေးလှည့်လည်ခြင်း ပြုလုပ်စေရန် မရိုးမဖြောင့်သော သဘောဖြင့် လူတစ်ဦးဦးအား ငွေကြေး (သို့) ပစ္စည်းတစုံတရာပေး၍ သွေးဆောင်ခြင်း အပြုရဟူသော ပုဒ်မကို ငြိမ်းစုစီ ဥပဒေကြမ်းတွင် ထည့်သွင်းရန် ပြည်ထောင်စု လွှတ်တော်ဆုံးဖြတ်။

(၂၆)ရက်။

  • လူ့အခွင့်အရေး ကော်မရှင်ကို အရေးယူရန် အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော် အတည်ပြု။

အောက်တိုဘာလ

  • ၁၄-၁၅ အောက်တိုဘာ - အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးဟုမ္မလင်းမြို့မှ ထွက်ခွာလာသည့် အေးငြိမ်းချမ်းသာ ရေယာဉ်လိုင်းမှ အောင်စိုးမိုးကျော် (၂) အမြန်ရေယာဉ်သည် အောက်တိုဘာ ၁၅ ရက် နံနက် ၅ နာရီခန့်တွင် ကနီမြို့နယ် မိချောင်းတွင်းကျေးရွာအနီး၌ နစ်မြုပ်မှု ဖြစ်ပွားခဲ့ပြီး လူပေါင်းများစွာ သေဆုံးခဲ့မှုဖြစ်ပွားခဲ့သည်။ နစ်မြုပ်ခဲ့သည့် အောင်စိုးမိုးကျော် (၂) ရေယာဉ်ပေါ်တွင် သီတင်းကျွတ် ကျောင်းပိတ်ရက်အဖြစ် ပြန်လာကြသော ဆရာ၊ ဆရာမများ၊ မုံရွာတက္ကသိုလ်တွင် အဝေးသင် စာမေးပွဲ ဖြေရန်လာသည့် တက္ကသိုလ်ကျောင်းသူ ကျောင်းသားများနှင့် ဌာနဆိုင်ရာဝန်ထမ်း အများအပြား လိုက်ပါလာပြီး အသက်ရှင် လွတ်မြောက်လာသူများ၏ ပြောကြားချက်အရ လူ ၃၀၀ ကျော် လိုက်ပါလာသည်ဟု ဆိုသည်။ အဆိုပါ ၃၀၀ ကျော်အနက်မှ ၁၅၉ ဦးကိုသာ ကယ်ဆယ်နိုင်ခဲ့ပြီး အောက်တိုဘာ ၂၀ ရက်က ရေယာဉ်ဆယ်ယူပြီးချိန်အထိ အလောင်း ၇၃ လောင်းသာ ရှာဖွေတွေ့ရှိခဲ့သည်။
Remove ads

နိုဝင်ဘာလ

  • ၂၁ နိုဝင်ဘာ - မြန်မာသံအဆိုကျော် တေးသံရှင် ဟင်္သာတထွန်းရင် အဆုတ်ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် (၇၇) နှစ်ရှိပြီဖြစ်သည်။

ကွယ်လွန်သူများ

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads