၂၀၂၂ အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ
From Wikipedia, the free encyclopedia
Remove ads
၂၀၂၂ အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 2022 ASEAN University Games) သည် ထိုင်းနိုင်ငံ၊ အူဘွန်ရချာဌာနီမြို့ (Ubon Ratchathani)တွင် ကျင်းပခဲ့သည့် အကြိမ် (၂၀) မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲဖြစ်သည်။[၁] ၂၀၂၂ခုနှစ် ဇူလိုင်လ (၂၆) ရက်နေ့မှ ဩဂုတ်လ (၆)အထိ ကျင်းပမည်ဖြစ်သည်။ မူလက ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာ (၁၃)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပရန် လျာထားခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုကြောင့် ပြိုင်ပွဲကို ၂၀၂၁ခုနှစ် ဇွန်လ (၁၈) ရက်မှ (၂၇)ရက်အထိလည်းကောင်း၊ ၂၀၂၂ခုနှစ် ဇွန်လ (၂၂)ရက်နေ့မှ (၃၀)ရက်နေ့အထိလည်းကောင်း ပြောင်းလဲကျင်းပရန် စီစဉ်ခဲ့ကြသည်။[၂] နောက်ဆုံးတွင်မှ ၂၀၂၂ခုနှစ် ဇူလိုင်လတွင်ကျင်းပရန် အတည်ပြုခဲ့ကြသည်။
Remove ads
လက်ခံကျင်းပခြင်း
ထိုင်းနိုင်ငံသည် အကြိမ် (၂၀)မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကို ၂၀၂၀ပြည့်နှစ်တွင် လက်ခံကျင်းပခွင့် ရရှိခဲ့သည်။ သို့ရာတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုကြောင့် ၂၀၂၁ခုနှစ်သို့ ပြောင်းလဲကျင်းပရန် စီစဉ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် ၂၀၂၂ခုနှစ်တွင်မှ လက်ခံကျင်းပမည်ဖြစ်သည်။ နောက်ဆုံးကျင်းပခဲ့သည့် ၂၀၁၈ နေပြည်တော်ပွဲတော် ကျင်းပအပြီး လေးနှစ်အကြာမှသာ လက်ခံကျင်းပနိုင်ခြင်းဖြစ်သည်။[၃]
အားကစားကွင်းများ
၂၀၂၂အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲကို နေရာ (၁၃)နေရာ၌ ကျင်းပခဲ့သည်။[၄]
Remove ads
ပွဲများနှင့်အားကစား
ပါဝင်သောအားကစားနည်းများ
အားကစားနည်း ၂၃မျိုး လက်ခံကျင်းပခဲ့သည်။
မြားပစ်
ပြေးခုန်ပစ်
ကြက်တောင်
ဘက်စကတ်ဘော
စစ်တုရင်
အီလက်ထရောနစ်အားကစား
ဓားသိုင်း
- ဘောလုံး
ဘောလုံး
ဖူဆယ်
ကရာတေးဒို
မွေထိုင်း
ပန်ကြပ်ဆီလတ်
ပီတန်း
လှေလှော်
ပိုက်ကျော်ခြင်း/ခြင်းလုံး
တောင်တက်
ရေကူး
စားပွဲတင်တင်းနစ်
တိုက်ကွမ်ဒို
တင်းနစ်
ဘော်လီဘော
- ကမ်းခြေ
- ရုံတွင်း
ဝူရှုး
ပါဝင်သောနိုင်ငံများ
ဆုတံဆိပ်ဇယား
- Key
* အိမ်ရှင်နိုင်ငံ
ရင်းမြစ်:[၅]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads