၂၀၂၂ အိန္ဒိယနိုင်ငံ သမ္မတ ရွေးကောက်ပွဲ

From Wikipedia, the free encyclopedia

၂၀၂၂ အိန္ဒိယနိုင်ငံ သမ္မတ ရွေးကောက်ပွဲ
Remove ads

၂၀၂၂ ခုနှစ် အိန္ဒိယနိုင်ငံ သမ္မတ ရွေးကောက်ပွဲသည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့တွင် အိန္ဒိယနိုင်ငံတွင်ကျင်းပခဲ့သော (၁၆) ကြိမ်မြောက်သမ္မတရွေးကောက်ပွဲဖြစ်သည်။ လက်ရှိတွင် ရာမ်နက်ကိုဗင့်ဒ်သည်လက်ရှိအိန္ဒိယနိုင်ငံ၏ သမ္မတဖြစ်သည်။ အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၆(၁) တွင် အိန္ဒိယသမ္မတသည် သက်တမ်းငါးနှစ်အထိ တာဝန်ထမ်းဆောင်ရမည်ဟု ပြဋ္ဌာန်းထားသည်။ သမ္မတ ရာမ်နက်ကိုဗင့်ဒ်၏ သက်တမ်း ကုန်ဆုံးသွားသောကြောင့် ရာထူး ဖြည့်စွက်မည့် ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။

အချက်တိုများ မဲပေးသူဦးရေ, အဆိုပြုခံရသူ ...

ဘာရတီယ ဇနတာ ပါတီ (BJP) ကိုယ်စားလှယ်လောင်း ဒရော်ပါဒီ မူရ်မူသည် ရွေးကောက်ပွဲတွင် အတိုက်အခံ ကိုယ်စားလှယ်လောင်း ယက်ရှ်ဝန်တ် ဆင်ဟာ ကို ၂၉၆,၆၂၆ မဲဖြင့် အနိုင်ရရှိခဲ့သည်။ မူရ်မူ သည် အိန္ဒိယ၏ ပထမဆုံး တိုင်းရင်းသားသမ္မတနှင့် ဒုတိယမြောက် အမျိုးသမီးသမ္မတလည်း ဖြစ်လာမည်ဖြစ်သည်။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads