၂၁ ဦး ဂျီစီဘီအေ
From Wikipedia, the free encyclopedia
Remove ads
နယ်ချဲ့ အင်္ဂလိပ် အစိုးရ က ၁၉၂၂ ခုနှစ်၊ နှစ်ဦးပိုင်းတွင် မြန်မာပြည်အား ၁၉၂၃၊ ဇန်နဝါရီ-၂ ရက်နေ့က စပြီး ဒိုင်အာခီ အုပ်ချုပ်ရေးပေးရန်အတွက် နိုဝင်ဘာလတွင် ဒိုင်အာခီ ရွေးကောက်ပွဲများ ကျင်းပပေးမည်ဟူသော ထုတ်ဖော်ကြေညာချက် ကြောင့် ဂျီစီဘီအေ အသင်းကြီး အတွင်း ဒိုင်အာခီ ကို လက်ခံလိုသူများနှင့် လက်မခံလိုသူများဟူ၍ (၂) ဂိုဏ်း ကွဲသွားရရာမှ ၁၉၂၂-ဇွန်-၁၇ ဂျီစီဘီအေ အထူးအစည်းအဝေး အပြီးတွင် လက်ခံလိုသူများဖြင့်ဖွဲ့စည်းထားသည့် (၂၁) ဦးအဖွဲ့ ထွက်ပေါ်လာခဲ့သည်။
၂၁ ဦးအဖွဲ့၏ ခေါင်းဆောင်အဖြစ် ဦးဘဖေ၊ ဝတ်လုံ ဦးပု နဲ့ ဦးမောင်ကြီး တို့ကဦးဆောင်သည်။ ၂၁ ဦးအဖွဲ့၏ကြွေးကြော်သံမှာ ဒိုင်အာခီအတွင်းဝင်ပြီး အတွင်းမှ ပူးသတ်မည်ဟူ၍ ဖြစ်သော်လည်း ရွေးကောက်ပွဲဝင် ရာထူးယူရေးဘက်သို့ ဦးတည် လုံးပန်းသွားကြသည်ကိုသာ တွေ့ရသည်။ ၂၁ ဦးအဖွဲ့ကို ၂၁ဦးပါတီ ဟုလည်းကောင်း ဒိုင်အဖွဲ့ ဟုလည်းကောင်း လူထုကကင်ပွန်းတပ်ပေးခကြသည်။ ၁၉၂၂ ခု၊ နိုဝင်ဘာ ဒိုင်အာခီ ရွေးကောက်ပွဲမှာ ဦးဘဖေ၊ ဝတ်လုံဦးပု (ရမည်းသင်း ) တို့အပါအဝင် (၂၁) ဦးအဖွဲ့ ဝင်များ ဝင်ရောက်အရွေးခံကာ ဦးဘဖေ၊ ဦးပု (ရမည်းသင်း)၊ ဦးမောင်ကြီးတို့အပါအဝင် (၂၁)ဦးအဖွဲ့က (၂၈) ဦး အရွေးခံရသည်။ ဘုရင်ခံ ဆာ ဟာကုတ် ဘတ္တလာ အစိုးရ အဖွဲ့အတွင်း ဝန်ကြီး နေရာများအပါအဝင် ရာထူးကြီးကြီး နေရာများအား လက်ခံရယူ သွားကြကာ အတွင်းမှပူးသတ်မည် ဆိုသည့်ကြွေးကြော်ထားချက်နှင့် ဆန့်ကျင်ပြီး ရာထူးနေရာ ကောင်းများရရှိရေးကိုသာ ဦးတည်လုပ်ဆောင်သွားကြသဖြင့် လူထုက ရာထူးမက်သူများအဖြစသာမြင်ခဲ့သည်။ နောင်တွင် (၂၁) ဦးအဖွဲ့ကို အမျိုးသားပါတီ ဟုအမည်ပြောင်းလဲ မှည့်ခေါ်ပြီ ဥက္ကဋ္ဌအဖြစ် ဦးပု(ရမည်းသင်း)၊ ဒုတိယဥက္ကအဖြစ် ဦးဘဖေ တို့ကဦးဆောင်ခဲ့သည်။
Remove ads
ကိုးကား
- ဝင်းတင့်ထွန်း (ဩဂုတ် ၂၀၁၀)။ ဗမာပြည် နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းများ အညွှန်း။ ပထမ အကြိမ်။ နေ့သစ်အင်အားစု၊ ဂျပန်။
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads