၃၁-ဘုံ
From Wikipedia, the free encyclopedia
Remove ads
ဤဩကာသလောကကြီးတွင် သတ္တဝါတို့၏နေထိုင်ရာဘုံဌာနမှာ သုံးဆယ့်တစ်ဘုံ ရှိသည်။

၃၁-ဘုံ
"ဘုရားရှိခိုး အမျိုးမျိုး" စာအုပ်များတွင် အမျှဝေခြင်း အားလုံးနီးပါး၌ ၃၁-ဘုံသည် ပါဝင်လေ့ရှိသည်။ သို့သော် ၃၁-ဘုံနှင့် ပတ်သက်၍ သာမန်သိရှိခြင်းထက် အသေအချာသိရှိကြမည် ဆိုပါက ပိုမိုအကျိုးရှိ အကျိုးများနိုင်ပေသည်။
ဤဩကာသလောကကြီးတွင် သတ္တဝါတို့၏နေထိုင်ရာဘုံဌာနမှာ သုံးဆယ့်တစ်ဘုံ ရှိသည်။ ဗြဟ္မာဘုံ နှစ်ဆယ်၊ နတ်ပြည် ခြောက်ဘုံ၊ လူ့ဘုံ တစ်ဘုံ၊ အပါယ် လေးဘုံ တို့ဖြစ်သည်။ ထို သုံးဆယ့်တစ်ဘုံတည်းဟူသော ဩကာသလောကကြီးသည် အာသဝေါကုန်ခန်းပြီးသော ရဟန္တာမဖြစ်သေးသမျှ ထက်အောက်ပြောင်းပြန် ဗလောင်ဆန်အောင် ကျင်လည်ရဦးမည့် ဘုံဌာနများပင်ဖြစ်သည်။
မြတ်စွာဘုရား ဟောကြားထားသော နခသိခသုတ်ကိုထောက်ရှုခြင်းအားဖြင့် လူ့ဘုံမှ စုတေ၍ သေလွန်ကြကုန်သောသူတို့တွင် လူ့ဘုံသို့ ပြန်လည်ရောက်ရှိသောသူမှာ မြတ်စွာဘုရား၏ လက်သည်းခွံပေါ်၌ရှိသော မြေမှုန့်ပမာဏမျှသာရှိ၍ အပါယ်လေးဘုံသို့ ကျရောက်သောသူတို့မှာ ဂင်္ဂါမြစ်လွင်ပြင်ရှိ မြေမှုန့်ပမာဏရှိသည်။ လူ့ဘဝမှစုတေ၍ လူပြန်ဖြစ်သော ပမာဏ နှင့် အပါယ်လေးဘုံသို့ ကျရောက်သောသူတို့၏ ပမာဏ နှိုင်းဆ၍မရအောင် ကွာခြားလှပါသည်။ လူတစ်ထောင်သေဆုံး၍ တစ်ယောက်မျှလောက်ပင် လူပြန်ဖြစ်ဖို့ရာ မလွယ်ကူပါချေ။
Remove ads
ဗြဟ္မာဘုံ နှစ်ဆယ်
ရူပဗြဟ္မာ ၁၆-ဘုံ
ပဌမဈာန် ၃-ဘုံ
ဒုတိယဈာန် ၃-ဘုံ
တတိယဈာန် ၃-ဘုံ
စတုတ္ထဈာန် ၇-ဘုံ
အရူပဘုံ ၄-ဘုံ
နတ်ပြည် ခြောက်ဘုံ
လူ့ဘုံ တစ်ဘုံ
အပါယ် လေးဘုံ
ကျမ်းကိုး
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads