အရှေ့အပိတ်အပြန့်သရ

From Wikipedia, the free encyclopedia

Remove ads

အရှေ့အပိတ်အပြန့်သရ (အင်္ဂလိပ်: close front unrounded vowel, or high front unrounded vowel) သည် အပြောဘာသာစကားများစွာတွင် အသုံးပြုသော သရသံ အမျိုးအစားများထဲက ပုံစံတစ်ခုဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် i (အီ) သင်္ကေတဖြင့်ပြသည်။ ဤသင်္ကေတသည် အင်္ဂလိပ်အက္ခရာ meet မှ သရသံနှင့် ဆင်တူ၍ အမေရိကန်အင်္ဂလိပ်စကားတွင် long-e ဟူ၍ခေါ်ဆိုသည်။[] အင်္ဂလိပ်ဘာသာစကားတွင် ဤသရသံတွင် ထပ်တိုးသံရှိန်ဆွဲ၍ /iː/ (အီး) ဖြင့်ပြသကြသည်။ ထိုအသံကို ပုံမှန်အားဖြင့် လုံချင်းသရသံဖြင့် ထွက်လေ့မရှိဘဲ သရတွဲသံ (diphthong) အနေအထားအနည်းငယ်ပါဝင်အောင် ထွက်ကြသည်။ အချို့ဒေသယိစကားများ၌ ဤအသံကို လုံးချင်းသရသံ သံရင်းအဖြစ် ထွက်ကြသည်ဟု သိရှိရသည်။[] လုံးချင်းသရ [i] သံကို ဘာသာစကားများစွာ၌ ကြားရမည်ဖြစ်ပြီး ပြင်သစ်စကားတွင် chic ကို (အီ) အသံဖြင့်ထွက်ကြသည်။

အချက်တိုများ close front unrounded vowel, i ...
နောက်ထပ် အချက်အလက်များ IPA: Vowels, အရှေ့ ...

ယခုဖာ်ပြထားသော အရှေ့ပိတ်အပြန့်သရနှင့် ခပ်နီးနီးတူသည့် အသံမှာ သရတစ်ဝက် ဗျည်းတစ်ဝက် အာခေါင်သံ (palatal approximant) [j] (-ယ်) သံဖြစ်သည်။ ထိုအသံနှစ်ခုမှာ ပုံပန်းသဏ္ဌာန်အရ အချိုးညီလုနီးပါးဖြစ်သည်။ ပြင်သစ်နှင့် အချို့သော ဘာသာစကားများ၏ သရတွဲသံများတွင် ထိုနှစ်လုံးသည် အပြောင်းအလဲရှိကြ၍ တူညီသောအသံထွက်ရှိရန် [i̯] နှင့် [j] ဟူ၍ မတူညီသော အသံဖလှယ်မှု စနစ်ဖြင့် ပြသအသုံးပြုကြသည်။

လက်တင်အက္ခရာအသုံးပြုသော ဘာသာစကားများတွင် i ဖြင့်ပြသသော်လည်း ခြွင်းချက်ရှိရာ အင်္ဂလိပ်စကားတွင် ထိုအက္ခရာသင်္ကေတကို bite/aɪ/bit/ɪ/ အဖြစ်ရေးသားကြ၍ /iː/ အသံကို ရေးသားရာ၌ e, ea, ee, ie or ei ဟူ၍ ရေးသားကြပြီး ဥပမာစကားလုံးများမှာ scene, bean, meet, niece, conceive တို့ဖြစ်ကြသည်။

Remove ads

မြန်မာစကား

မြန်မာဘာသာစကားရှိ သရသံများစွာထဲက အီ သရသံနှင့် လွန်စွာနီးကပ်သည်။ ဒန်းညာ ဂျုံးဇ်၏ အခြေခံသရ ရှစ်ခုထဲမှ i သရထက် မြန်မာတို့က လျှာကို အနည်းငယ်နိမ့်၍ အနောက်သို့အနည်းငယ်ထားကာ ထွက်လေ့ရှိပြီး နှုတ်ခမ်းပုံစံမှာ မပြန့်မဝိုင်း အနေအထားဖြစ်သည်။ သရသံတစ်ခုတည်းဖြင့်သာ ပြောဆို၍ သရတွဲသံမထွက်ရှိရချေ။[]

အင်္ဂါရပ်

  • ယခုဖော်ပြပါ (အီ) သရ၌ လျှာသည် ခံတွင်း၌ အမြင့်ဆုံးအနေအထား၌တည်ရှိ၍ "အပိတ်" ဟုသုံးနှုန်းသည်။ ဗျည်းသံဖြစ်သည်အထိ မပိတ်ရပေ။
  • လျှာ၏ အနေအထားမှာ ခံတွင်း၏ အရှေ့ဘက်သို့ ရောက်ရှိနေသည်။
  • အပြန့်သရဟူ၍ ခေါ်ဆိုရာ၌ နှုတ်ခမ်းကို ဝိုင်း၍ မပြုလုပ်ရပေ။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads