ခရီရေးတစ်ဖ် ကွန်မွန်း လိုင်စင်
From Wikipedia, the free encyclopedia
Remove ads
Creative Commons လိုင်စင်ကို ၂၀၀၁ ခုနှစ်တွင် Lawrence Lessig စတင်ပြုလုပ်ခဲ့ပါတယ်။ အဆိုပါလိုင်စင်အများစုရဲ့ ရည်ရွယ်ချက်မှာ အွန်လိုင်း Creative (ဖန်တီးမှု) နှင့်ပတ်သတ်၍ လွယ်ကူစွာဖတ်ရှုနိုင်ရန် ဖြစ်ပါတယ်။ အဆိုပါ လိုင်စင်အုပ်စုများတွင် Some rights reserved ဟုသော စကားစုမှာပါဝင်လေ့ရှိသည်။ မတူညီကြတဲ့ Creative Commons လိုင်စင် ၆ မျိုး ရှိပါတယ်။ အဆိုပါလိုင်စင်များဟာ အများဆုံးအသုံးပြုနေကြတဲ့ လိုင်စင်အမျိုးအစားများ ဖြစ်ကြပါတယ်။ အဆိုပါလိုင်စင်ကိုလည်း အချို့အချက်များဖြည့်စွက်၍သော်လည်းကောင်း၊ ပြင်ဆင်၍သော်လည်းကောင်း လိုင်စင်အသစ်တစ်ခုအနေနဲ့ ပြုလုပ်ပိုင်ခွင့်ရှိပါတယ်။ Creative Commons Licenses ဟာ တရားစီရင်ရာနေရာဒေသပေါ်မူတည်ပြီး ကွဲပြားခြားနားနိုင်သလို တစ်ကမ္ဘာလုံးမှာအတူတူလည်း ဖြစ်နိုင်ပါတယ်။
![]() | ဤဆောင်းပါးသည် သဒ္ဒါ၊ သတ်ပုံ၊ ရေးဟန် စသည်တို့အတွက် ဝီကီစံညွှန်းနှင့်အညီ အရေးအသား တည်းဖြတ်ပေးရန် လိုအပ်နေသည်။ |
အခြေခံ Creative Commons လိုင်စင်ကို CC attribution လို့ခေါ်ပါတယ်။ ကူးယူခြင်း ၊ ပြင်ဆင်ခြင်းနှင့် ပြန်လည်ထုတ်ဝေခြင်း (စီးပွားဖြစ်ဆိုရင်တောင်) ကို ခွင့်ပြုထားပါတယ်။
CC Attribution ရိုးရိုးလိုင်စင်ကို CC Attribution share-alike အဖြစ်ချဲ့ထွင်နိုင်ပါတယ်။ အထက်က သတ်မှတ်ချက်တွေနဲ့ အကုန်တူတူပါပဲ။ ကွဲပြားခြားနားတာကတော့ အဆိုပါ work ကမှဆင်းသက်လာသော တစ်နည်းအားဖြင့် အဆိုပါ work ကိုအမှီပြု၍ဆင်းသက်လာသော work များသည် မူရင်း share alike လိုင်စင်များကဲ့သို့ မူလဘူတ work ရဲ့ ဂုဏ်သတ္တိများကို လိုက်နာရမည်ဖြစ်သည်။ နာမည်ကျော်အွန်လိုင်းစွယ်စုံကျမ်း Wikipedia သည် ၎င်းရဲ့ content များကို အထက်ပါလိုင်စင်ဖြင့် ပြဋ္ဌာန်းထားသည်။
ကျန်တဲ့လေးခုကတော့
CC Attribution-NoDerivs
ပြန်လည်မျှဝေခြင်းကိုခွင့်ပြုပါတယ်။ ထိုသို့ပြုလုပ်ရန်အတွက် မူရင်း ပိုင်ရှင်နာမည်ကို credit ပေးရမည်ဖြစ်သည်။ သို့သော် ပြန်လည်ပြင်ဆင်ခွင့်မရှိပါ။
CC Attribution-NonCommercial
အားလုံးကိုခွင့်ပြုထားပါတယ်။ သို့သော် စီးပွားရေးအရ အသုံးချတာမဖြစ်ရပါဘူး။
CC Attribution-NonCommercial-ShareAlike
အပေါ်ကအတိုင်းပါပဲ။ သို့သော် ဆင်းသက်လာသော လိုင်စင်များသည် မူရင်းလိုင်စင်တွင်လိုက်နာသော အချက်များအားလုံးကိုလိုက်နာရမည်ဖြစ်သည်။
CC Attribution-NonCommercial-NoDerivs
စီးပွားရေးအတွက်မဟုတ်သောအခါတွင် ပြန်လည်ဖြန့်ချိခြင်းကိုခွင့်ပြုပါသည်။ သို့သော် ပြန်လည်ပြင်ဆင်ခွင့်မပြု။
အထက်ကဖော်ပြတဲ့အတိုင်း လိုင်စင်ခြောက်ခုလုံးမှာ တူညီတဲ့အချက်ကတော့ မူရင်းပိုင်ရှင်ကို credit သို့မဟုတ် attribution ပေးရမယ့်အချက်ပါပဲ။
ဒါကြောင့် သင့်အနေနဲ့ အဆိုပါ work ရဲ့နာမည် ၊ copyright အသိပေးစာ နှင့်လိုင်စင်နာမည်တို့ပါဝင်ရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့်
This work includes the photo “Photo’s Title,” available under a Creative Commons Attribution license, © Author’s Name.
အထက်က လိုင်စင် တွေအပြင် CC0 လို့ခေါ်တဲ့ owner တွေက လျှော့ပေါ့သတ်မှတ်ထားတဲ့ လိုင်စင်တွေလည်းရှိပါတယ်။ သူကတော့ public domain လိုပါပဲ။ သူအောက်မှာကတော့ “no rights reserved” လို့ရေးထားလေ့ရှိပါတယ်။ Creative Commons လိုင်စင်တွေဟာ ရှင်းလင်းပြီးဖတ်ရလွယ်ကူပါတယ်။ အထက်မှာဖော်ပြထားတဲ့အတိုင်း Wikipedia ဟာ ShareAlike လိုင်စင်ကိုသုံးပါတယ်။ နာမည်ကြီး images hosting တစ်ခုဖြစ်တဲ့ Flickr ကလည်း ဓာတ်ပုံတွေအတွက်ကို Creative Commons လိုင်စင်ကိုသုံးပါတယ်။ သင်အနေနဲ့လည်း စိတ်သန့်သန့်နဲ့ Creative Commons လိုင်စင်အောက်ကဟာတွေကိုပဲအသုံးပြုချင်တယ် ဂူဂယ် ကနေတစ်ဆင့်ရှာချင်တယ်ဆိုရင်လည်း ဒီမှာဖြေထားတာရှိပါတယ်။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads