မြန်မာနောင်း

From Wikipedia, the free encyclopedia

Remove ads

မြန်မာနောင်းသည် မြန်မာနိုင်ငံ အခြေစိုက်သတင်းအေဂျင်စီတစ်ခုဖြစ်သည်။ မြန်မာနောင်းစာနယ်ဇင်းသမားများသည် ဗမာအင်္ဂလိပ်နှစ်ဘာသာသုံးဘာသာဖြင့် သတင်းဆောင်းပါးများကိုအွန်လိုင်းဝက်ဘ်ဆိုက်များပေါ်တွင် ထုတ်ဝေရေးသားဖြန့်ဖြူးသည်။ အေဂျင်စီအနေဖြင့်နိုင်ငံတစ်ဝန်းရှိသတင်းနှင့်သတင်းမီဒီယာ ၅၀ ကျော်၏သတင်းများကိုပုံမှန်ထုတ်ဝေသည့်ဖြန့်ဖြူးသောကွန်ရက်တစ်ခုနှင့်အတူအခမဲ့ဖြန့်ဝေသည်။[] ၂၀၁၁ ခုနှစ်စက်တင်ဘာလတွင် မြန်မာနောင်းကို ဖတ်ရှုသူ ၃၅၀,၀၀၀ ကျော်နှင့် မြန်မာနောင်းသတင်းထောက် ၃၀ ရှိသည်။[] ၎င်းသည် အကျင့်ပျက်ခြစားမှုကလေးအလုပ်သမားလူ့အခွင့်အရေး နှင့် တရားမျှတမှု အပါအဝင် အခြားသော အရေးပါသည့် ကိစ္စရပ်များကို ဖော်ထုတ်ရေးသားခဲ့သည်။[][]

အချက်တိုများ လုပ်ငန်း, ဌာနချုပ် ...
Remove ads
Remove ads

သမိုင်း

မြန်မာနောင်းကို လွတ်လပ်သော ဘက်မလိုက်သည့် သတင်းမီဒီယာလောကထွန်းကားတိုးတက်ရန်အတွက် ၂၀၁၅ ခုနှစ်တွင် Thomson Reuters ဖောင်ဒေးရှင်းမှ တည်ထောင်ခဲ့သည်။[] သတင်းဝန်ဆောင်မှုကို ဩဂုတ်လတွင် တရားဝင်စတင်ခဲ့သည်။[] အေဂျင်စီကို သတင်းထောက်ချုပ်နှင့် အယ်ဒီတာချုပ် ကိုဆွေဝင်းနှင့် ရိုက်တာသတင်းထောက်သင်းလဲ့ဝင်မှ ဦး ဆောင်သည်။[] သတင်းဝန်ဆောင်မှုစတင်သည့် အချိန်မှစ၍ ကိုဆွေဝင်းအပါအဝင် မြန်မာနောင်း၏ဂျာနယ်လစ်အတော်များများသည် ၎င်းတို့၏ စုံစမ်းဖော်ထုတ်ချက်များအတွက် စစ်တပ်နှင့်ဥပဒေအာဏာပိုင်များမှ မကြာခဏခြိမ်းခြောက်ခြင်းခံခဲ့ရသည်။[][][]

၂၀၂၁ ခုနှစ် မတ်လ ၈ ရက်နေ့တွင်၏ အာဏာသိမ်းစစ်အစိုးရသည် မြန်မာနောင်းရုံးခန်းအား ဝင်ရောက်စီးနင်းဖျက်စီးခဲ့သည်။ မတ်လ ၉ ရက်နေ့တွင် စစ်အစိုးရသည် လတ်တလောဖြစ်ပွားနေသည့် ဆန္ဒပြမှုများကို ထိန်းသိမ်းရန်အတွက် မြန်မာနောင်းအပါအဝင် သတင်းမီဒီယာ ၅ ခုအား ထုတ်ဝေခွင့် ပိတ်သိမ်းလိုက်သော်လည်း မြန်မာနောင်းမှ တရားမဝင်အမိန့်ဟုဆိုကာ ဆက်လက်ထုတ်လွှင့်ခဲ့သည်။[၁၀]

Remove ads

ဆုတံဆိပ်များ

၂၀၁၆ ခုနှစ်တွင် မြန်မာနောင်းသတင်းထောက် ထက်ကောင်းလင်းသည် သူ၏ နိုင်ငံအတွင်းရှိ လိင်အလုပ်သမားများအတွက် ရေးသားခဲ့သည့် ဆောင်းပါးတစ်ခုကြောင့် ဥရောပကော်မရှင်မှ ချီးမြှင့်သော Lorenzo Natali Media Prize ကို ရရှိခဲ့သည်။[][၁၁]

ထိုနှစ်တွင်ပင် သူသည် ၉၆၉ လှုပ်ရှားမှုအတွင်း စုံစမ်းဖော်ထုတ်မှုများအတွက် အာရှ သတင်းစာထုတ်ဝေသူများအဖွဲ့ဆုပေးပွဲတွင် ဆုရရှိခဲ့သည်။[၁၂][]

၂၀၁၉ ခုနှစ်တွင် ကိုဆွေဝင်းသည် မြန်မာနောင်းအယ်ဒီတာချုပ်အနေဖြင့် မြန်မာနိုင်ငံတွင်းသတင်းစာအား ဘက်မလိုက်ရန်နှင့် အရေအသွေးပြည့်မှီရန် ဦးဆောင်ထိန်းသိမ်းနိုင်ခဲ့သဖြင့် Ramon Magsaysay Award for Emergent Leadership ကို ဆွတ်ခူးရရှိခဲ့သည်။[][၁၃]

မြန်မာနောင်းသည် ၎င်း၏သတင်းပေးပို့ ပူးပေါင်းဆောင်ရွက်များကြောင့် Online Journalism Award for "2020 Excellence in Collaboration and Partnerships" ကို ရရှိခဲ့သည်။[၁၄]

Remove ads

အခြားဖတ်ရန်

ကိုးကားချက်များ

Loading content...

ပြင်ပလင့်များ

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads