အော့ဗ်ဂျက် အိုရီယင့်တက် ပရိုဂရမ်းမင်း
From Wikipedia, the free encyclopedia
Remove ads
အော့ဗ်ဂျက် အိုရီယင့်တက် ပရိုဂရမ်းမင်း (object-oriented programming) သို့ အိုအိုပီ သို့ အော့ဂျက် အခြေပြုပရိုဂရမ်းမင်း ဆိုသည်မှာ ရှေးခေတ် ဂရိ အတွေးအခေါ် ပညာရှင်တို့၏ အော့ဗ်ဂျက် ခေါ် ဒြပ်ရှိ အရာဝတ္ထု နှင့် ကလပ်စ် သို့မဟုတ် ၎င်းတို့၏ ပုံသဏ္ဌာန် ပေါ်တွင် ဆက်စပ်နေသော ဆက်နွယ်ချက် အိုင်ဒီယာပေါ်တွင် အခြေခံ၍ ဖန်တီးထားသော ကွန်ပျူတာ ပရိုဂရမ်းမင်း နည်းစနစ် တစ်မျိုးဖြစ်သည်။ ယနေ့ခေတ်တွင် လူသုံးများသော စီရှပ်၊ ဂျာဗား၊ ပိုင်သွန် အစရှိသော ပရိုဂရမ်းမင်း ဘာသာစကားများသည် အိုအိုပီကို အခြေခံ၍ အလွယ်တကူ ရေးသားနိုင်ရန် ရည်ရွယ် ဖန်တီးထားကြသည်။
![]() |
Remove ads
ကလပ်စ် နှင့် အော့ဗ်ဂျက်များ
ကလပ်စ် (class) ဆိုသည်မှာ ယေဘူယျ သဘောတရားကို ရည်ညွှန်းခြင်း ဖြစ်သည်။ ဥပမာ အားဖြင့် ဆိုရလျှင် လူသည် ကလပ်စ် တစ်ခုပင် ဖြစ်သည်။ လူ ဆိုသည့် ကလပ်စ်တွင် ကလေးငယ်၊ ယောက်ျား၊ မိန်းမ စသည့် လူအားလုံးတို့ ပါဝင်သည်။ သို့သော် လူဟူသည့် ကလပ်စ်သည် လူတစ်ဦးတစ်ယောက်ချင်းကို ရည်ညွှန်းခြင်း မဟုတ်ဘဲ လူဟူသည့် ယေဘူယျ ပုံစံကိုသာ ရည်ညွှန်းခြင်း ဖြစ်သည်။ မျောက် ဟူသည့် ကလပ်စ်သည် လူမှ ကွဲပြားပြီး မော်တော်ကား၊ လေယာဉ်စသည့် အရာဝတ္ထုများသည်လည်း လူဟူသည့် ကလပ်စ်မှ သိသိသာသာ ကွဲပြားခြားနားသည်။ ထိုသို့သော လူများ ထဲမှ အိုဘားမား၊ မြသန်းတင့် စသည်ဖြင့် လူတစ်ဦး တစ်ယောက်ချင်းစီကို ရည်ညွန်းပါက အော့ဗ်ဂျက် ဟုခေါ်သည်။ အိုဘားမား နှင့် မြသန်းတင့်သည် လူဟူသည့် ကလပ်စ်တွင် ပါဝင်သော်လည်း သူတို့ကို သီးသန့် ညွှန်းဆိုပြနိုင်သည့် ကွဲပြားခြားနားသည့် ဂုဏ်သတ္တိများ ရှိသဖြင့် မတူညီသော အော့ဗ်ဂျက်(object) များသာ ဖြစ်သည်။
Remove ads
လုပ်ဆောင်ချက်များ၊ ဂုဏ်သတ္တိများ၊ အဖြစ်အပျက်များ
ကလပ်စ် တစ်ခုချင်းစီတွင် ၎င်းတို့နှင့် သက်ဆိုင်သော လုပ်ဆောင်ချက်များ (methods)၊ ဂုဏ်သတ္တိများ (Properties) နှင့် အဖြစ်အပျက်များ (Event) ရှိသည်။
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads