ကန်တော်ကြီး(ရန်ကုန်)

ရေကန် From Wikipedia, the free encyclopedia

ကန်တော်ကြီး(ရန်ကုန်)
Remove ads

ကန်တော်ကြီး ကန် သည် ရန်ကုန်မြို့တွင်ရှိပြီး အင်းလျားကန် ပြီးလျင် ဒုတိယအကြီးဆုံးကန် ဖြစ်သည်။ ရွှေတိဂုံဘုရား၏ အရှေ့ဘက်တွင် တည်ရှိပြီး အင်းလျားကန်ကို ရေပိုက်များဖြင့် ဆက်သွယ်ထားသည်။

Thumb
ကန်တော်ကြီး ကို ဝေဟင် မှ မြင်ရပုံ

၁၁၄၇ ခုနှစ် (မြန်မာ?၊ ကောဇာ?) ဘိုးတော်ဘုရား လက်ထက်တွင် ရန်ကုန်ဝန် ဦးရွှေရေး က မြို့သူမြို့သားများ ကျန်းမာရေး အတွက် ရေကောင်းရေသန့် ရစေရန် တူးဖော်သည်။ ဗြိတိသျှ ရန်ကို ကာကွယ်ရန် မွေးမြူထားသော ဆင်၊ မြင်း၊ ကျွဲ၊ နွားများ အသုံးပြုရန် အတွက် ထပ်မံတူးဖော်သော ကန် ကို ကန်တော်ကလေး ဟု အမည်တွင်စေသည်။ []

ရန်ကုန်မြို့လယ်ရှိ ဗြိတိသျှ ကိုလိုနီအုပ်ချုပ်ရေး တပ်မြေတွေကို ရေသန့်ရရှိစေရန် ဖန်တီးထားခြင်းဖြစ်ပြီး ခန့်မှန်း အဝန်း ၅ မိုင်နှင့်၈ ကီလိုမီတာ ရှိသည်။

၁၅၀ ဧကခန့်ရှိသည့် ကန်တော်ကြီး တဝိုက် တွင် ၁၁၀ ဧက ရှိသည့် မြေပဒေသာကျွန်းဗိုလ်ချုပ်ပန်းခြံကရဝိတ်ပန်းကန်လုံးကျွန်းချစ်သူများကျွန်းရန်ကုန် တိရစ္ဆာန်ဥယျာဉ်ငါးပြတိုက်၊ သံရုံးများ၊ ဆေးရုံများ နှင့် အဆင့်မြင့် ဟော်တယ်များ တည်ရှိသည်။ မြောက်ဘက် နှင့် အရှေ့ဘက် တွင် နတ်မောက်လမ်း၊ အနောက်ဘက် တွင် ဗဟန်း လမ်း၊ တောင်ဘက်တွင် ကန်ရိပ်သာလမ်း တို့ တည်ရှိသည်။ ယခင် ဗိုလ်ချုပ်ခင်ညွန့် လက်ထက် က နိုင်ငံတော် အဆင့် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲ များ လည်း ကျင်းပခဲ့သည်။ ကရဝိတ် သည် ကန်တော်ကြီးတဝိုက် အထင်ရှားဆုံးနေရာ တစ်ခုလည်းဖြစ်သည်။

၁၆ ရက် ဧပြီ ၂၀၁၀ မြန်မာ့သင်္ကြန် ညနေပိုင်း မှာ ဗုံးသုံးလုံး ပေါက်ကွဲမှုကြောင့် ၂၄ ယောက်သေဆုံး၍ ၆၀ ဦး ဒဏ်ရာရရှိခဲ့သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads