စိုးတင့်နိုင်
ဒုတိယဗိုလ်ချုပ်ကြီး၊ ဒုတိယဝန်ကြီး From Wikipedia, the free encyclopedia
Remove ads
ဦးစိုးတင့်နိုင်(၁၉၆၄ ဖွား) သည် အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးဖြစ်ပြီး တပ်မတော်စစ်ဆေးရေးနှင့်စာရင်းစစ်ချုပ် ရာထူးတာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်သည်။သူသည် အမ်းမြို့ နှင့် မုံရွာမြို့ အခြေစိုက်သည့် တိုင်းစစ်ဌာနချုပ်များတွင် စစ်တိုင်းမှူးတာဝန် ထမ်းဆောင်ခဲ့သည့်အပြင်၊သမ္မတ ဦးဝင်းမြင့်အစိုးရလက်ထက် နှင့် အာဏာသိမ်းစစ်အစိုးရလက်ထက် တို့တွင်လည်း ပြည်ထဲရေးဒုဝန်ကြီး အဖြစ် တာဝန်ထမ်းခဲ့သူ ဖြစ်သည်။
Remove ads
ငယ်ဘဝနှင့်ပညာရေး
မကွေးမြို့သည် ၎င်း၏ မွေးရပ်ဇာတိဖြစ်သည်။ငယ်စဥ်ဘဝ ပညာရေးကို မကွေးမြို့တွင်ပင် ဖြတ်သန်းသင်ကြားခဲ့သည်။မကွေး အထက(၂) မှ ဆယ်တန်းအောင်သည်။မကွေးဒီဂရီကောလိပ် တွင် တက္ကသိုလ်ပညာဆည်းပူးပြီး ဘွဲ့ရခဲ့သည်။
ဘွဲ့ရပြီးနောက် မကွေး လဝကရုံးတွင် တစ်နှစ်ခန့် ဝင်ရောက်အလုပ်လုပ်ကိုင်ခဲ့သည်။
စစ်မှုထမ်းဘဝ
သူသည် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း၊ (ဗထူး) အမှတ်စဉ် ၇၅ ကျောင်းဆင်းတစ်ဦး ဖြစ်သည်။ ပြန်တမ်းဝင်အမှတ် ကြည်း ၂၀၈၁၈ ဖြင့် စစ်မှုထမ်းသည်။၎င်း၏မိခင်တပ်ရင်းမှာ ခလရ(၆)ဖြစ်သည်။
ရာထူးအဆင့်ဆင့်တိုးပြီးနောက် ဗိုလ်မှူးကြီးအဆင့် ဖြင့် မိုင်းဆတ် တွင် နည်းဗျူဟာမှူး၊မိုင်းတုံတွင် အခြေချစစ်ဗျူဟာမှူး တာဝန်များ ထမ်းဆောင်ခဲ့သည်။
ဦးစိုးတင့်နိုင် သည် ဗိုလ်မှူးချုပ်အဆင့်ဖြင့် တောင်ကုတ် တွင် တပ်မမှူး၊ထို့အပြင် တိုက်ခိုက်ရေးကျောင်း(ဘုရင့်နောင်) ကျောင်းအုပ်ကြီး နှင့် တပ်မတော်(ကြည်း)၏ စစ်အကူလက်ရုံးဝန်ထမ်းတပ်ဖွဲ့ တစ်ခုဖြစ်သည့် ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ဖွဲ့ (ထောက်ပံ့ပို့ဆောင်ရေးတပ်) ၏ အကြီးအကဲ အဖြစ် ထမ်းဆောင်ခဲ့သည်။
၂၀၁၇ ခုနှစ် နိုဝင်ဘာလအရောက်တွင် စစ်တွေမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဖြစ်လာသည်။[၂]၂၀၁၉ ခုနှစ် မေလ တွင် ၎င်းတာဝန်ယူသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနေရာ နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဖုန်းမြတ် တို့အား နေရာချင်း ချိန်းရာ သူသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး အသစ် ဖြစ်လာခဲ့သည်။[၃]ထိုတာဝန်ကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၅ ရက်နေ့အထိ ထမ်းဆောင်သည်။
၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၅ ရက်နေ့တွင် ဦးဝင်းမြင့်အစိုးရအဖွဲ့က ၎င်ကိုး ပြည်ထဲရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး အဖြစ် တာဝန်ပေးသည်။[၄]
၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းပြီးသည့် နောက်တွင်လည်း အာဏာသိမ်းစစ်အစိုးရအဖွဲ့ ထဲ ထိုတာဝန်နှင့် ဆက်ရှိနေခဲ့သည်။ သူသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့မှ [၅] ၂၀၂၁ ခုနှစ် မေလ ၁၁ရက် နေ့အထိ [၆] ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီးအဖြစ် ခေတ္တတာဝန်ယူခဲ့သေးသည်။
နောက်ပိုင်းတွင် မူလရာထူးဖြစ်သည့် ပြည်ထဲရေးဒုဝန်ကြီးအဖြစ် ပြန်လည်ထမ်းဆောင်ခဲ့သည်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါ ရီ ၂ ရက်နေ့တွင် ထိုရာထူးတာဝန်မှ အနားယူခဲ့ပြီး၊ စစ်ဘက်မူလတာဝန်များကို ထမ်းဆောင်ရသည်။[၇] သူသည် ကာကွယ်ဦးစီးချုပ်ရုံး(ကြည်း)တွင် ဒုတိယဗိုလ်ချုပ်ကြီး ရာထူးဖြင့် [၈] တပ်မတော်စစ်ဆေးရေးနှင့်စာရင်းစစ်ချုပ်(ကြည်း၊ရေ၊လေ) ရာထူးတာဝန်ကို အပ်နှင်းခံရသည်။
၂၀၂၅ ခုနှစ်၊စက်တင်ဘာလတွင် သူသည် စစ်ဖက်ရာထူးတာဝန်များမှ အငြိမ်းစားယူခဲ့သည်။[၉]
Remove ads
ရရှိသောဘွဲ့
သူ့ကို သမ္မတဦးဝင်းမြင့် က ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့ တွင် တပ်မတော်စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့တစ်ခုဖြစ်သည့် ဇေယျကျော်ထင်ဘွဲ့ အပ်နှင်းသည်။[၁၀]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads