ရေမြေ့သခင်

ဘုရင်စနစ်၏ အကြီးအကဲဖြစ်သည်။ From Wikipedia, the free encyclopedia

Remove ads

ရေမြေ့သခင်(အင်္ဂလိပ်: Monarch)ဟူသည် သက်ဦးဆံပိုင်စနစ် ကျင့်သုံးသည့် နိုင်ငံ၏ နိုင်ငံတော် အကြီးအကဲကို ရည်ညွှန်းသော စကားဖြစ်သည်။[][] ရေမြေ့သခင်သည် ၎င်း၏ နိုင်ငံ၌ အမြင့်ဆုံးသော အာဏာကို ဆုပ်ကိုင်ထား၍သော်လည်းကောင်း အခြားသော ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား ရေမြေ့သခင် ကိုယ်စား အာဏာကို အပ်နှင်းပိုင်ခွင့် ရှိသည်။ ယေဘုယျအားဖြင့် ရေမြေ့သခင်သည် နိုင်ငံ၏ အချုပ်အခြာအာဏာပိုင် အခွင့်အရေးကို ဆုပ်ကိုင်နိုင်သော ဥပဒေရေးရာ အခွင့်အရေးကို ပုဂ္ဂိုလ်ရေးအရ သို့မဟုတ် အမွေဆက်ခံ၍ ဖြစ်စေ၊ နိုင်ငံ၏ ရေမြေ့သခင်အဖြစ် တင်မြှောက်၍ ရနိုင်သော မိသားစုများ သို့မဟုတ် နန်းတော်အတွင်း သတ်မှတ်ထားသော ထုံးနည်းအတိုင်း ရွေးချယ်တင်မြှောက်ခြင်းခံရလေ့ ရှိသည်။

ဘုရင်အုပ်ချုပ်သည့်စနစ်ကို သက်ဦးဆံပိုင်စနစ် (Monarchy) ဟုခေါ်သည်။ ဘုရင်များသည်တိုင်းပြည်ကို ဘဝတစ်သက်တာ သို့မဟုတ် တစ်စုံတစ်ယောက်က ထီးနန်းကိုလာရောက်ဖြုတ်ချသည်အထိအုပ်ချုပ်သည်။

က‌လေးငယ်တစ်ဦးကို ဘုရင်အဖြစ်မြှောက်တင်ပါက regent ခေါ် ကြားခံလူတစ်ဦးက ထိုကလေးငယ်လူကြီးဖြစ်သည်အထိ အုပ်ချုပ်ပေးရသည်။ ဘုရင်ကို စည်းမျဉ်းခံဘုရင် (constitutional monarch) နှင့် ပကတိဘုရင် (absolute monarch) ဟူ၍ခွဲခြားနိုင်သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads