မိုးလေဝသ

From Wikipedia, the free encyclopedia

မိုးလေဝသ
Remove ads

မိုးလေဝသ သည် လေထု၏ ပူသည် သို့မဟုတ် အေးသည်၊ စိုစွတ်သည် သို့မဟုတ် ခြောက်သွေ့သည်၊ တည်ငြိမ်သည် သို့မဟုတ် တိမ်ထူသည် အစရှိသည်တို့ကို ဖော်ပြသော အခြေနေတခုဖြစ်သည်။ [] ကမ္ဘာပေါ်တွင် မိုးလေဝသဖြစ်စဉ်အများစုသည် ကမ္ဘာ့လေထု၏ အနိမ့်ဆုံးအလွှာဖြစ်သော စထရာတိုစဖီးယားအလွှာအောက်ရှိ ထရိုပေါ့စဖီးယားအလွှာတွင် ဖြစ်ပွားလေ့ရှိသည်။[][] မိုးလေဝသသည် တစ်နေ့ပြီးတစ်နေ့ အပူချိန်ပြောင်းလဲမှုနှင့် အခြားလေထုအခြေနေများကို ဖော်ပြပြီး ရာသီဥတုသည် အချိန်ကာလတစ်ခုကြာသောအခါ လေထုအခြေနေ ပျမ်းမျှပြောင်းလဲမှုကို ရည်ညွန်းသည်။[]

Thumb
Garajau, Madeira အနီးရှိ မိုးကြိုး

မိုးလေဝသသည် တစ်နေရာမှတစ်နေရာကြား အပူချိန်၊ စိုထိုင်းဆနှင့် လေထုဖိအားတို့ကြောင့် ဖြစ်ပွားသည်။ ဤကွဲပြားခြားနားချက်များသည် ရာသီဥတုပေါ်တွင် နေ၏သက်ရောက်မှုကြောင့် ဖြစ်ပွားနိုင်သည်။ ယင်းသည် ကမ္ဘာ၏ လတ္တီကျုမျဉ်းများနှင့်အတူ ပြောင်းလဲသည်။ ဝင်ရိုးစွန်းနှင့် အပူပိုင်းဒေသရှိ အပူချိန်ခြားနားချက်များသည် ကြီးမားသောလေထုလည်ပတ်မှု (atmospheric circulation) ကို ဖြစ်ပွားစေသည်။ ကမ္ဘာမြေသည် တိမ်းစောင်းနေသောကြောင့် နေရောင်ခြည်ကျရောက်မှုသည် မတူညီသောဒေသများတွင် ကွဲပြားစွာ ကျရောက်လျက်ရှိရာ အပူချိန်သက်ရောက်မှုမှာလည်း ကွဲပြားကြသည်။ ကမ္ဘာ့မျက်နှာပြင်တွင် တစ်နှစ်တာအတွင်း အပူချိန်ပြောင်းလဲမှုမှာ ပျမ်းမျှအားဖြင့် ±၄၀ °C (−၄၀ °F မှ ၁၀၄ °F) ရှိသည်။ နှစ်ထောင်ပေါင်းများစွာကြာသော် ကမ္ဘာပတ်လမ်းကြောင်း၏ ပြောင်းလဲမှုသည် ကမ္ဘာမြေရှိ နေရောင်ခြည်စွမ်းအင် ဖြန့်ဖြူးမှုကို သက်ရောက်နိုင်ပြီး ရေရှည်ရာသီဥတုပြောင်းလဲမှုနှင့် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတို့ကို ဖြစ်ပေါ်စေသည်။

မြေမျက်နှာပြင် အပူချိန်ပြောင်းလဲမှုများသည် ဖိအားပြောင်းလဲမှုများကို ဖြစ်ပေါ်စေသည်။ အမြင့်ပိုင်းများသည် အနိမ့်ပိုင်းများထက် ပိုမိုအေးမြပြီး လေထုပူနွေးအများစုသည် ကမ္ဘာ့မျက်နှာပြင်ကြောင့် ဖြစ်သည်။ အာကာသထဲသို့ အပူချိန် ဆုံးရှုံးမှုမှာ များသောအားဖြင့် ပုံသေဖြစ်သည်။ မိုးလေဝသ ခန့်မှန်းခြင်းသည် သတ်မှတ်ထားသောတည်နေရာနှင့် အနာဂတ်ကာလအချိန်တစ်ခုတွင် ကမ္ဘာ့လေထု၏ အခြေနေများကို ကြိုတင်ခန့်မှန်းရန် သိပ္ပံနှင့်နည်းပညာ၏ အသုံးချမှုတစ်ခုဖြစ်သည်။ သမိုင်းတွင် မိုးလေဝသကို ထိန်းချုပ်ရန် လူသားတို့ ကြိုးပမ်းခဲ့ဖူးသည့် ရာဇဝင်ရှိလေသည်။ စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုလုပ်ငန်းများသည် လူသားများ မိုးလေဝသကို ပြုပြင်ပြောင်းလဲသည့် သက်သေတစ်ခုပင်ဖြစ်သည်။

အခြားဂြိုဟ်များပေါ်တွင် မိုးလေဝသအလုပ်လုပ်ပုံကို လေ့လာခြင်းက ကမ္ဘာပေါ်တွင် မိုးလေဝသအလုပ်လုပ်ပုံအား နားလည်စေသည်။ နေအဖွဲ့အစည်းရှိ ကြာသပတေးဂြိုဟ်၏ အနီစက်ကြီးသည် နှစ်ပေါင်း ၃၀၀ မျှ တည်ရှိခဲ့သော မုန်းတိုင်းတစ်ခုဖြစ်သည်။ မိုးလေဝသသည် ဂြိုဟ်များပေါ်တွင်သာ ဖြစ်ပေါ်သည်မဟုတ်ဘဲ ကြယ်များ၏ ကော်ရိုနာ (Stellar corona) သည်လည်း အာကာသထဲသို့ ဆက်တိုက် ဆုံးရှုံးလျက်ရှိပြီး နေအဖွဲ့အစည်းတလျှောက် ပါးလွှာသောလေထုအား ဖန်တီးပေးလျက်ရှိသည်။ နေမှ များစွာသော ထုထည်ထုတ်လွှတ်မှုကို နေလေ (Solar wind) ဟု ခေါ်ဆိုသည်။


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads