Map Graph
No coordinates found

ပသေနဒိကောသလမင်း

ပသေနဒိ ကောသလမင်း သည် ဘီစီ ၆၀၀ ဝန်းကျင်ခန့် ကာလ ဂေါတမဗုဒ္ဓလက်ထက်တော်က ကောသလတိုင်းနှင့် ကာသိတိုင်းကို အစိုးရခဲ့သော မင်းတစ်ပါးဖြစ်၍ နေပြည်တော်မှာ သာဝတ္ထိပြည်ဖြစ်သည်။ ဂေါတမဗုဒ္ဓ၏ တပည့်သာဝကတစ်ဦးလည်းဖြစ်သကဲ့သို့ ဗုဒ္ဓဘုရားရှင်နှင့် အလွန်ရင်းနှီးသော မိတ်ဆွေဘုရင်တစ်ပါးလည်းဖြစ်သည်။ အသက်ရွယ်အားဖြင့်လည်း မတိမ်းမယိမ်းဖြစ်ကြကာ ဗုဒ္ဓနှင့် အပြန်အလှန်ပြောဆိုသောစကားများသည် ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီးအနေအထားဖြစ်ကြောင်း တွေ့ရသည်။ ကောသလမင်း မေးခွန်းပြဿနာ အခက်အခဲတစ်စုံတရာရှိတိုင်း မိဖုရားမလ္လိကာက ဗုဒ္ဓဘုရားရှင်ထံသွား၍ မေးလျှောက်ရန် အကြံပေးသည်။

Read article
ဖိုင်:Prasenajit_of_Kosala_pays_a_visti.jpgဖိုင်:Jetavana.jpg