ကြီးအုံရွာ၊ စေတုတ္တရာမြို့နယ်
ကြီးအုံရွာ သည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ သံဆယ်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၆၉၀၁ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ သံဆယ်ကျေးရွာအုပ်စုတွင် ကျား ၉၆၇ ဦး၊ မ ၁၀၈၉ ဦး၊ လူဦးရေ စုစုပေါင်း ၂၀၅၆ ဦးနေထိုင်သည်။ မြောက်ဖက်မှ စီးဆင်းလာသော မုန်းချောင်းသည် ကြီးအုံရွာကို ေေ့ပတ်၍ အရှေ့ဖက်သို့ ထိုမှ အရှေ့တောင်သို့ ဆက်လက်စီးဆင်းရာ မုန်း ချောင်း ရေဖြင့် ဝန်းပတ်ထားသလိုရှိသည်။ မုန်းချောင်းတဖက်ကမ်းတွင် ကြီးဝရွာ ရှိသည်။ ယခုအခါ ကြီးအုံ ကြီးဝ တမံပိတ်လိုက်သဖြင့် ကြီးအုံကြီးဝ ဆည်အတွင်း ကျွန်းဆွယ်လေးေါ်တွင် တည်ရှိသော ရွာကြီးဖြစ်နေပေပြီ။
Read article