No coordinates found
ဂျိန်ဖော့လူမျိုး
ကချင်ပြည်နယ်၊ ကချင်လူမျိုးစုဝင် ဂျိန်ဖော့လူမျိုးဂျိန်းဖော ဝါ ဂျိန်ဖော့ တို့သည် ကချင်လူမျိုး များထဲမှ အင်အားအကြီးဆုံးမျိုးနွယ်စု တစ်ခုဖြစ်သည်။ ဂျိန်းဖော့လူမျိုးများသည် တိဗက်-ဗမာအုပ်စုဝင်တိုင်းရင်းသားလူမျိုးဖြစ်သည်။ ကချင်ပြည်နယ်တွင် တိုင်းရင်းသားလူမျိုးပေါင်း ဆယ်မျိုးခန့် ရှိရာ ဂျိန်ဖော့တို့သည် လူဦးရေ အများဆုံးဖြစ်သည်။ ထက်ဝက်ခန့်မှာ ခရစ်ယာန်ဘာသာဝင်များဖြစ်၍ ကျန်သူများမှာ ဗုဒ္ဓဘာသာနှင့် နတ်ကိုးကွယ်သူများ ဖြစ်သည်။ လော်ဝေါ်၊ အဇီး၊ လရှီ၊ ရဝမ်လူမျိုးများနှင့် ဓလေ့ထုံးစံ ယဉ်ကျေးမှုများတွင် ၇၀%ခန့် တူညီကြလေသည်။
Read article