ဆင်ဖြူကျွန်းမြို့
ဆင်ဖြူကျွန်းမြို့သည် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ စလင်းမြို့နယ်ရှိ မြို့တစ်မြို့ဖြစ်သည်။ မင်းဘူးမြို့ မြောက်ဘက် ၄၅ မိုင်ခန့်အကွာ ဧရာဝတီမြစ်နှင့် စလင်းချောင်း(ဆင်ဖြူကျွန်းချောင်း)တို့ တွေ့ဆုံရာတွင် တည်ရှိသည့် ဆိပ်ကမ်းမြို့ဖြစ်သည်။ အလောင်းစည်သူမင်းလက်ထက် ရခိုင်ဘုရင်ပုန်ကန်၍ သွားရောက်နှိမ်နှင်းရာတွင် ရတနာဆင်ဖြူဝပ်သဖြင့် ဘုရားတည်၍ ဆင်ဖြူဝပ်သော ကျွန်းမြေမဟာဖြစ်သောကြောင့် ဆင်ဖြူကျွန်းဟုတွင်သည်။ ရှေးမြန်မာဘုရင်များလက်ထက်နှင့် အထူးသဖြင့် ဘကြီးတော်(မြန်မာ ၁၁၈၁-၁၁၉၉) လက်ထက် တို့တွင် ဆင်ဖြူများရရှိရာဒေသဖြစ်၍၊ ဆင်ဖြူကျွန်းဟု ပိုမို ကျော်ကြားခဲ့သည်။
Read article