တောင်ငူမြို့
ပဲခူးတိုင်း၊ မြန်မာနိုင်ငံတောင်ငူမြို့ သည် ပဲခူးတိုင်းဒေသကြီး၏ အရှေ့မြောက်ဘက်အစွန်း စစ်တောင်းမြစ်နံဘေးတွင် တည်ရှိသော မြို့ဖြစ်သည်။ တောင်ငူခရိုင်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ အမှတ်(၁) ရန်ကုန်-မန္တလေး ကားလမ်းဘေးတွင်တည်ရှိ၍ ကရင်ပြည်နယ် သံတောင်မြို့နှင့် ကယားပြည်နယ် လွိုင်ကော်မြို့သို့ ကားလမ်းဆက်သွယ်ရာမြို့ဖြစ်သည်။ ပဲခူးရိုးမကို ဖြတ်၍ ပြည်မြို့သို့လည်း ကားလမ်းဆက်သွယ်ထားသည်။ ယခုအခါ ရန်ကုန်-မန္တလေး အမြန်လမ်းသည် မြို့၏ အနောက်ဘက် ခုနစ်မိုင်အကွာတွင် ဖြတ်သန်းသွားသည်။ ရန်ကုန်မြို့မှနေ၍ ကားလမ်းအားဖြင့် ၁၇၅ မိုင်ကွာဝေးပြီး၊ မီးရထားလမ်းမိုင် ၁၅၀ ကွာဝေးသည်။
Read article