နန်ယန်းနည်းပညာတက္ကသိုလ်
စင်ကာပူနိုင်ငံရှိ တက္ကသိုလ်နန်ယန်းနည်းပညာတက္ကသိုလ် သည် စင်ကာပူနိုင်ငံရှိ ဒုတိယသက်တမ်းအရှည်ဆုံး အများနှင့်သက်ဆိုင်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော သုတေသနတက္ကသိုလ်တစ်ခုဖြစ်သည်။ ဤတက္ကသိုလ်ကို NTU(အဲန်တီယူ)ဟုလည်း အတိုကောက်ခေါ်ကြသည်။ NTU သည် QS၏ ကမ္ဘာ့တက္ကသိုလ်များ စံခွဲအဆင့်စီစဉ်ခြင်းအရ သက်တမ်း ၅၀-နှစ်ထက်နည်းသော တက္ကသိုလ်များအားလုံးကဏ္ဍ(QS Top 50 Under 50)၏ စာရင်းတွင် အဆင့် ၁ အဖြစ်သို့ ၂၀၁၅ ခုနှစ်တွင် စတင်ရောက်ရှိပြီး၊ နောက်ဆုံး ၂၀၂၁-ခုနှစ်စာရင်း အထိ အဆင့် ၁ တွင် ၇-နှစ်တိုင်တိုင် ဆက်တိုက်ရှိနေခဲ့သည်။ အဆိုပါ စံခွဲစီစဉ်ခြင်း၏ အခြားကဏ္ဍတစ်ခုဖြစ်သော (သက်တမ်းကန့်သတ်ချက်မပါသော) ကမ္ဘာ့တက္ကသိုလ်များအားလုံး ကဏ္ဍ၏စာရင်းတွင်မူ အဆင့် ၁၃ တွင်ရှိနေကြောင်းကို ၂၀၂၀၊ ဩဂုတ်လမှတ်တမ်းအရ သိရသည်။ ၎င်းတွင် အချိန်ပြည့် ကျောင်းတက်သည့် ကျောင်းသား(full-time enrolled students)ပေါင်း ၂၃,၉၅၁ ဦး နှင့် အချိန်ပြည့် သင်ကြားရေး ဝန်ထမ်း(full-time teaching staff)ပေါင်း ၃၈၄၆ ဦး ရှိသည်။