ပရန္နဝါ
ပုံသဏ္ဌာန် : အပင် - အပွင့်ကို လိုက်၍ အပင် သုံးမျိုး ကွဲသည်။ အဖြူ ၊ အနီ ၊ အညို ဖြစ်၍ သုံးမျိုးလုံး အကျိုးပြု သည်။ မြေတွင် ဖြန့်ပေါက် သော နွယ်ပင် မျိုး ဖြစ်သည်။ အရွက် - အဆစ်မှ အရွက် များ မျက်နှာချင်း ဆိုင် ထွက်သော် လည်း တစ်ဖက် တွင် တစ်ရွက် ထွက်၍ အခြား တစ်ဖက် တွင် နှစ်ရွက် ထွက်သည်။ ရွက်ရင်း ကျယ်သော ဘဲဥ ပုံရှိ ရွက်ထိပ် အချို့ ချွန်ပြီး အချို့ ဝိုင်း၏ ။ အရွက် အပေါ် မျက်နှာပြင် ချောမွတ်သည်။ အပွင့် - ပန်းခိုင် ထိပ်တွင် သေးငယ်သော အပွင့် ကလေးများ စု၍ ပွင့်၏ ။ အမျိုး လိုက်၍ အဖြူ ၊ အနီ ၊ အညို အရောင် သုံးမျိုး ကွဲ၏ ။ အသီး - သေးငယ်သည်။ အခန်း ၅ ခန်း ပါရှိသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အရွက် ၊ အမြစ် ၊ အပင်။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံ မြေပြန့် အနှံ့အပြား တွင် ပေါက်ရောက်သည်။ သဘာ၀ အလျောက် အလေ့ကျ ပေါက်၏ ။ အသုံးဝင်ပုံ : အာနိသင် - မြန်မာ ဆေးကျမ်း များ အလိုအရ ပရန္နဝါ သည် ခါး၏ ၊ စပ်ရှားရှား ရှိ၏ ၊ ပူ၏ ၊ အသက်ကို ရှည်စေ၏ ။ နှလုံး ရောဂါ ၊ဖောရောင်ခြင်း ၊ ပန်းနာ ၊ လေ ၊ သလိပ်ရောဂါ တို့ကို ပျောက်ကင်း စေနိုင်၏ ။ ဝမ်းမီးကို တောက်စေ၍ ဝမ်းသက်စေ ပြီး ဆီးကို ရွှင်စေသည်။ ချွေးကို ထွက်စေ၍ ရေဖျဉ်း ရောဂါကို နိုင်သော သတ္တိ ရှိ၏။