ပသောင်းရွာ၊ မြိတ်မြို့နယ်
ပသောင်းရွာ(အင်္ဂလိပ်: Pathaung)သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ ပသောင်းကျေးရွာအုပ်စု ၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ 177506 ဖြစ်သည်။ အရှည် ၈၁၀ ပေ ရှိ ပသောင်းတံတားသည် သံမဏိသံဘောင်နှင့် အာစီစီယက်မ ဖြင့် ၂၀၀၀-၀၁ တွင် တည်ဆောက်ထားပြီး၊ ကားသွားလာနိုင်သည်။ ကျောင်းသား ၇၀၀ ကျော်၊ ဆရာ/မ ၂၀ ကျော်ရှိ အထက(ခွဲ) ရှိသည်။ ပသောင်း ကျေးလက်ကျန်းမာရေးဌာနခွဲ ရှိသည်။ နာမည်ကျော် ရွှေရင်းတောင်ဘုရား ရှိသည်။ ပသောင်းကျေးရွာအုပ်စု တစုလုံးတွင် ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ခြေ ၈၇၂ ရှိပြီး၊ လူဦးရေစုစုပေါင်း ၄၄၃၆ ဦး ရှိသည်။
Read article