ပြည်မင်းသားအရေးတော်ပုံ
မြန်မာသမိုင်း ကုန်ဘောင်ရာဇဝင်တွင် လုပ်ရည် ကြံရည် ရှိ လျက် ကံ အကြောင်းမလှသဖြင့် မင်းအဖြစ်ကို မရသော မင်းသားများအနက် ပြည်မင်းသားနှင့်ကနောင်မင်းသားတို့မှာ သာယာဝတီမင်းမှ ဖွားတော်မူသော သားတော်များအနက် လက်ရုံး၇ည် နှင့်နှလုံးရည် ပြည့်ဝသော သားတော်များဖြစ်သည်အပြင် နန်းတွင်ပညာရှိ မှူးမတ် ပြည်သူများက ချစ်ခင်လေးစားသော မင်းသား ၂ပါးဖြစ်သည်။ သို့သော် ကံအကြောင်းမလှ သဖြင့် မင်းသား ၂ ပါးစလုံးမှာ မလိုသူများကြောင့် အချိန်မတိုင်ခင် ကံတော်ကုန် ကြရသည် မှာ နှမြောစရာကောင်းသလို မြန်မာပြည်အတွက် ကံဆိုးရခြင်းဖြစ်သည်။ သာယာဝတီမင်း ထီးနန်းကို ပြည်မင်းသား ဆက်ခံနိုင်ပါက ဒုတိယ အ၈ၤလိပ်-မြန်မာ စစ်ပွဲသည် ဖြစ်လာနိုင်စရာ မရှိ ကြောင်း စာအုပ်အချို့တွင် သိမှီသူတို့က ရေးသားကြသည်။ ပြည်မင်းသား အရေးတော်တွင် ထင်ရှားသော စစ်မှူး၊မြို့ဝန်၊မှူးမတ်တို့က ပြည်မင်းသားအား ကာကွယ်ပေးကြရာ အသက်ကိုပါ ပေးဆပ်လိုက်ရသဖြင့် တိုင်းပြည် အဖို့ လူစွမ်းအား ဆုံးရူံးပြန်သည်။ တကယ်တော့ ပြည်မင်းသား အရေးတော် ပုံ ဟာ ခမည်းတော် သာယာဝတီ မင်း၏ အချစ်ကြီး မူကြောင့် နောက်ဆက်တွဲ ပြသာနာ ဖြစ်သည်။ ပြည်မင်းသားဟာ သာယာဝတီမင်းရဲ့ အားထားရသော သားတော်ကြီးဖြစ်သည်အပြင့် နန်းတွင်မှူးမတ် တို့က လေးစားကြည်ညိုကြပြီး သာယာဝတီ မင်းရဲ့အချစ်ဆုံးသားတော်လည်းဖြစ်သည်။ သာယာဝတီမင်း အမျက်တော်၇ှ ချိန် မှာတောင် ပြည်မင်းသားကို လွတ်တော် တက်ခွင့်သာ ပိတ်ပင်ပြီး စည်းစိမ်များကို ပေးသနားထိတောင် အချစ်တော်ပိုခဲ့သည်။ အများရှေ့မှာတောင် ပြည်မင်းသားအား အကိုကြီး ဟု ချစ်စနိုး ဖြစ်ခေါ်ခဲ့သည်။ ပြည်မင်းသားအကြောင်းရေးပါက သာယာဝတီနှင့် ဘကြီးတော် အရေးတော်ပုံကို စရေး၇မည်။