မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီး
မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီး သည် နေပြည်တော်၊ ဥတ္တရသီရိမြို့တွင်တည်ရှိသည့် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ဖြစ်သည်။ စကျင်ကျောက်ဖြင့် ပြုလုပ်ထားသည့် ရုပ်ပွားတော်သည် ရပ်တော်မူနေဟန် ဖြစ်ပြီး အလေးချိန် တန် ၁၀၉ တန်လေးကာ အမြင့်မှာ ၃၂ ပေ(၉.၈ မီတာ) ရှိသည်။ စကျင်ကျောက်ကို မန္တလေးမြောက်ဘက် ၃၇၅ မိုင် အကွာရှိ ကျောက်တူးရာနေရာမှ သယ်ဆောင်ခဲ့သည်။ ရုပ်ပွားတော်ကို ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့တွင် ဂန္ဓကုဋိကျောင်းဆောင်သို့ ပို့ဆောင်ခဲ့သည်။ တည်ဆောက်မှုများကို တင့်ဆန်း ပိုင်ဆိုင်သည့် ACE Construction Group က ဆောင်ရွက်ခဲ့သည်။
Read article
Nearby Places

နေပြည်တော် ဘူတာကြီး