Map Graph

သူစိုးရွာ၊ နွားထိုးကြီးမြို့နယ်

သူစိုးရွာ သည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ သူစိုးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၁၇၀၄ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ သူစိုးကျေးရွာအုပ်စုတွင် ကျား ၇၇၇ ဦး၊ မ ၁၀၄၀ ဦး၊ လူဦးရေ စုစုပေါင်း ၁၈၁၇ ဦးနေထိုင်သည်။ ဒေသ အခေါ်မှာ တစိုးရွာ သို့မဟုတ် ဒဇိုးရွာ ဖြစ်သည်။ တိုက်နယ်ဆေးရုံ နှင့် စာသင်ကျောင်းရှိသည်။ အင်းဝ မိဖုရားကြီး တည်ထားကိုးကွယ်ခဲ့သော လှိုင်ရှည် (လိုဏ်ရှည်) ‌စေတီတော် မှာ ထင်ရှားသည်။ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၅ ရက် ည ၈ နာရီကျော် တွင် မြင်းခြံ တပ်မ ၉၉ လက်အောက်ခံ ခမရ ၁၅ က ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့်စေတီငယ်တချို့ ပျက်စီးခဲ့သည်။

Read article