No coordinates found
အရေပြားလေးဘက်နာရောဂါ
တိုက်ခိုက်Systemic lupus erythematosus (SLE) သို့မဟုတ် အရပ်အခေါ် lupus ကိုမြန်မာဘာသာဖြင့် အရေပြားလေးဘက်နာရောဂါဟု ခေါ်သည်။ အရေပြားလေးဘက်နာရောဂါသည် ခန္ဓာကိုယ်တွင်း အလိုအလျောက် ကိုယ်ခံအား (immune)ကိုထုတ်ပေးသောရောဂါတစ်မျိုး ဖြစ်သည်။ ခန္ဓာကိုယ်အစိတ်အပိုင်းများရှိကျန်းမာသော တစ်ရှုးများအား ကိုယ်ခံအားစနစ်ကမှားယွင်းစွာ တိုက်ခိုင်ခြင်းဖြင့် ခန္ဓာကိုယ်အတွင်း အင်္ဂါအစိတ်အပိုင်းများ ပျက်စီးကုန်ခြင်းဖြစ်သည်။ ရောဂါလက္ခဏာမှာ အနုစားမှ အရင့်စားထိ ကွဲပြားမှုရှိသည်။ အဖြစ်များဆုံးသော ရောဂါလက္ခဏာများတွင် အဆစ်အမြစ်များ နာကျင်ဖောယောင်ခြင်း၊ အဖျားရှိခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ပါးစပ်တွင်း အနာများပေါက်ခြင်း၊ ပါးချိတ်ယောင်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ မျက်နှာပေါ်တွင် အရေပြားယားယံနီမြန်းခြင်းတို့ ပါဝင်သည်။
Read article