အောက်သရက်ချောင်းရွာ၊ သရက်ချောင်းမြို့နယ်
အောက်သရက်ချောင်းရွာ(အင်္ဂလိပ်: Aukthayetchaung)သည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အောက်သရက်ချောင်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၇၂၉၉ ဖြစ်သည်။ အထကခွဲ ရှိပြီး၊ ဆရာ/မ ၁၀ ကျော်၊ ကျောင်းသား/သူ ၅၀၀ ကျော် ရှိသည်။ ကျေးလက်ကျန်းမာရေးဌာနခွဲ ရှိသည်။ ရတနာသီရိလူမှုကူညီရေးအဖွဲ့ ဟူသော နာကူအသင်းကို ထူထောင်ထားသည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ထောင်စု ၄၇၇၊ စုစုပေါင်း ၂၁၁၇ ဦးနေထိုင်သည်။
Read article