Map Graph

ကလျာဏီသိမ်တော်ကြီး

ကလျာဏီ သိမ်တော်ကြီးသည် ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ သိမ်တော်ကြီးဖြစ်ပြီး ပဲခူးမြို့၊ ပဲခူးတိုင်းဒေသကြီးတွင် တည်ရှိသည်။ ကလျာဏီသိမ်သည် ဘုရားဖူးများ သွားလာမှုများရာ နေရာတစ်ခုဖြစ်ပြီး ပါဠိ၊ မွန်ဘာသာတို့ဖြင့် ခရစ်နှစ် ၁၄၈၀ ခုနှစ်လောက်တွင် ရေးထိုးခဲ့သော ကလျာဏီကျောက်စာများ တည်ရှိရာနေရာဒေသလည်း ဖြစ်သည်။ ယင်းကျောက်စာများတွင် မဇ္ဈိမဒေသ သာသနာဝင်၊ ပုဂံ သာသနာဝင်၊ ဟံသာဝတီ သာသနာဝင်၊ ကလျာဏီသိမ် သမုတ်ခြင်း အကြောင်း၊ ရာမညတိုင်း စေတီသမိုင်း၊ ရွှေမော်ဓောစေတီသမိုင်း စသည်တို့ကို အကျယ်တဝင့် အသေးစိတ် ရေးထိုးဖော်ပြထားသဖြင့် သာသနာဝင်နှင့် သမိုင်းအဖို့ များစွာ အထောက်အပံ့ရသော ကျောက်စာများဖြစ်သည်။

Read article
ဖိုင်:Kalyani_Sima.jpgဖိုင်:Myanmar_location_map.svg