Map Graph

ကျောက်တော်ကြီးဘုရား(မန္တလေး)

မဟာသကျမာရဇိန်

ကျောက်တော်ကြီးဘုရားသည် မန္တလေးမြို့ မြောက်ဘက်၊ မန္တလေးတောင်ခြေအနီးတွင် တည်ရှိသည်။ ကျောက်တော်ကြီးဘုရားသည် မန္တလေးရတနာပုံ ရွှေမြို့တော်ကြီးကို တည်ထောင်တော်မူသော ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်း၏ ကုသိုလ်ဖြစ်သည်။ မြို့တော်တည်ထောင်ပြီး ငါးနှစ်ခန့်အကြာ မြန်မာသက္ကရာဇ် ၁၂၂၆-ခုနှစ်၌ မတ္တရာမြို့ရှိ စကျင်တောင်မှ ရရှိသော တစ်လုံးတစ်ခဲတည်းသော စကျင်ကျောက်ကြီးကို ပုံတော်ကြမ်း ထုဆစ်စေခဲ့ပြီး မန္တလေးသို့ သယ်ဆောင်ယူကာ မင်းတရားကြီးကိုယ်တိုင် မျက်ခုံး၊ မျက်ရေးတို့ကို ရေးဆွဲလျှက် မဟာသကျမာရဇိန်ဟု ကမ္ပည်းတင်ခဲ့သည်။ ကျောက်တော်ကြီးဘုရားမှာ ထက်ဝယ်ဖွဲ့ခွေ နေတော် မူသည့် ရုပ်ပွားတော်ဖြစ်သည်။ သို့သော် စကျင်တောင်မှ ရသောကျောက်ကို အစွဲပြု သဖြင့် ကျောက်တော်ကြီးဘုရားဟု လူအများက ခေါ်ဝေါ်သမုတ် ကြသည်။

Read article
ဖိုင်:2KyaeThatpyae.jpgဖိုင်:Myanmar_location_map.svgဖိုင်:Kyauktawgyi_Buddha_Temple_(Mandalay).jpgဖိုင်:Lighting_View_of_Kyauk_Taw_Gyee.jpgဖိုင်:KyaeThatpyae.jpg