ကျောက်တော်ကြီးဘုရား(ရန်ကုန်)
ရန်ကုန်မြို့ရှိ ကျောက်တော်ကြီးဘုရားသည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ မင်းဓမ္မကုန်းတော်ပေါ်တွင် စံပါယ်လျက်ရှိသည်။ ရုပ်ပွားတော်မြတ်စံပါယ်ရာ ဂန္ဓာကုဋီတိုက်တော်သည် ၂၅ ပေ မြင့်ပြီး ဘွဲ့တော်အပြည်အစုံမှာ လောကချမ်းသာအဘယလာဘ မုနိရုပ်ပွားတော်မြတ်ကြီးဟူ၍ဖြစ်သည်။ ရုပ်ပွာတော်မြတ်ကြီးကို မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ စကျင်တောင်မှရရှိသော အဖြူရောင်စကျင်ကျောက်တုံး တစ်တုံးမှ ထုလုပ်ထားခြင်းဖြစ်သည်။ ရုပ်ပွားတော်မြတ်ကြီး၏ အလေးချိန်သည် ၅၆၀ တန်နီးပါးရှိပြီး ဘေးရန်အန္တရာယ်မရှိအောင် ကာကွယ်ပေးလျက်ရှိသောဟန်ဖြစ်သော အဘယမုဒြာသဏ္ဌာန် ထုလုပ်ထားသည်။
Read article