ကျောင်းကုန်းမြို့
ကျောင်းကုန်းမြို့သည် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်တွင် ပါဝင်သော [[ကျောင်းကုန်းမြို့နယ်] ဖြစ်သည်။ မီးရထားလမ်းမြို့တစ်မြို့ မဟုတ်ငြားသော်လည်း ပုသိမ်မြို့နှင့် ဟင်္သာတမြို့များသို့ အသုတ်မြို့မှ တစ်ဆင့် မီးရထားလမ်း ပေါက်သည်။ ပုသိမ်မြို့ နှင့် ရေကြောင်းသင်္ဘောလမ်းလည်း ဆက်သွယ်လျက် ရှိသည်။ မော်တော်ကားလမ်းအားဖြင့်မူ ဟင်္သာတမြို့မှ ကျောင်းကုန်းမြို့သို့ မိုင် ၆ဝ ခန့် ဝေး၍ ကျုံပျော်မြို့၊ ရေကြည်မြို့၊ အသုတ်မြို့ များကို ဖြတ်သန်းသွားရသည်။ ကုန်လမ်း ရေလမ်း ရှိသည့်ပြင် ဆန်စပါးအမြောက်အမြားထွက်ရာ ဒေသဖြစ်သည့် အလျောက်၊ ကျောင်းကုန်းမြို့သည် တစ်နေ့တခြား စည်ကား တိုးတက်လျက် ရှိလေသည်။
Read article