Map Graph

ကြင်းတော်ယန်ဗုဒ္ဓဘာသာဘုရားကျောင်း

ကြင်းတော်ယန်ဗုဒ္ဓဘာသာဘုရားကျောင်း သည် မန္တလေးမြို့၊ ကမ်းနားလမ်းတွင် တည်ရှိသည့် မဟာယာနဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ ၎င်းကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် တရားဝင်ဖွင့်လှစ်ခဲ့သည်။ ကျောင်းတော်သည် ဧရာဝတီမြစ်နှင့် မျက်နှာချင်းဆိုင်ဖြစ်သည်။ တည်ဆောက်မှုများကို ၂၀၀၉ ခုနှစ်တွင် စတင်ခဲ့ပြီး ခန့်မှန်းကုန်ကျစရိတ်သည် မြန်မာကျပ်ငွေ ၄.၅ ဘီလီယံ ရှိခဲ့သည်။ ၎င်းကုန်ကျစရိတ်၏ ၂၀ ရာခိုင်နှုန်းကို Capital Diamond Star Group မှ ထောက်ပံ့ထားသည်။ ဤကျောင်းတော်သည် မြန်မာနိုင်ငံရှိ အကြီးဆုံးတရုတ်ကျောင်းတော်တစ်ခုလည်း ဖြစ်သည်။

Read article