ကွတ်ခိုင်မြို့
မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ရှိ မြို့ကွတ်ခိုင်မြို့သည် ရှမ်းပြည်မြောက်ပိုင်း၊ သီပေါစော်ဘွားပိုင် နယ်ခွဲတစ်ခုဖြစ်ခဲ့ပြီး နယ်ပိုင်ဝန်ထောက်နှင့် နယ်ခြားဝန်ထောက်ရုံးများ တည်ရှိရာမြို့ ဖြစ်သည်။ မြန်မာ-တရုတ် လမ်းမကြီးပေါ်တွင် တည်ရှိပြီး သီပေါမြို့မှ ၁၆ မိုင်၊ လားရှိုးမြို့မှ ၄၈ မိုင် ကွာဝေးသည်။ သီပေါမှ ကွတ်ခိုင်အထိ လမ်းတစ်လျှောက်သည် တောင်တက်ခရီးချည်းဖြစ်သည်။ ၁၉၅၃ ခုနှစ် ခန့်မှန်းခြေအရ လူနေအိမ်ခြေ ၆၀၀ မျှရှိပြီး လူဦးရေ ၆၀၀၀ ခန့် နေထိုင်သည်။
Read article