Map Graph

ချင်းတွင်းမြစ်

မြန်မာနိုင်ငံ၏ မြစ်

ချင်းတွင်းမြစ် သည် ဧရာဝတီမြစ်၏ အကြီးဆုံးသော မြစ်လက်တက်ဖြစ်သည်။ ဒေသခံရှမ်းနီတိုင်းရင်းသားများမှ နမ့်ချင်းတွင်းဟုခေါ်ဆိုကြပြီး မြန်မာဘာသာအားဖြင့် “ကြေးနီရောင်ရှိသောရေ”ဟု အဓိပ္ပာယ်ရသည်။ စင်စစ်ပင်လျှင် မြစ်ကြောင်းတစ်လျှောက်ရှိအနီရောင်မြေသားများအားတိုက်စားလာသည့်ချစ်တွင်းမြစ်ရေသည် ရှေးယခင်ကပင်ကြေးနီရောင်သန်းလျက်ရှိသည်။ ထို့အပြင်သလ္လာဝတီမြစ် ဟုလည်း မြန်မာစာပေတွင် ရေးသားသည်။ “သလ္လာ” ဆိုသည်မှာ “မြား” ၊ “ဝတီ” ဆိုသည်မှာ “ရေ” ဖြစ်၍ မြားကဲ့သို့ ရေစီးသန်သည့်မြစ်ကြီးဟု တင်စားခေါ်ဝေါ်ခဲ့ကြသည်ဟု ဆိုခဲ့သည်။ ချင်းတွင်းမြစ်သည် အိန္ဒိယ-မြန်မာနယ်စပ်အနီးရှိ ပတ်ကွိုင်တောင်တန်းနှင့် ကူးမွန်တောင်တန်းများမှ စတင်မြစ်ဖျားခံ၍ စီးဆင်းလာသည်။

Read article
ဖိုင်:Homalin_aerial.jpgဖိုင်:Irrawaddyrivermap.jpgဖိုင်:R_Chindwin.JPG