ချွတ်ပြင် အစုအပြုံလိုက် သတ်ဖြတ်မှု
ချွတ်ပြင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသည် မြန်မာ တပ်မတော် (ကြည်း)နှင့် လက်နက်ကိုင်များ၏ သတ်ဖြတ်မှုဖြစ်ပြီး ရခိုင်ပြည်နယ်၊ ချွတ်ပြင်ကျေးရွာတွင် ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သည်။ ထိုနေ့မှာပင် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) အဖွဲ့က ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ရှိ လုံခြုံရေးတပ်ဖွဲ့များအား တိုက်ခိုက်ခဲ့သည်။ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ က ထုတ်ပြန်သော အသက်ရှင်ကျန်ရစ်သူများထံမှ မုဒိမ်းမှု နှင့် သတ်ဖြတ်ခြင်းဆိုင်ရာ မှတ်တမ်းများကို အသေးစိတ်ဖော်ပြသည့် အစီရင်ခံစာကို ထုတ်ပြန်ပြီးနောက် ယင်းဖြစ်ရပ်သည် ထင်ရှားလာခဲ့သည်။
Read article