Map Graph

ငါးလုံးတင်ရွာ၊ ချောင်းဦးမြို့နယ်

ငါးလုံးတင်ရွာ သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၃၄၉၂ ဖြစ်သည်။ ငါးလုံးတင်ကျေးရွာအုပ်စုတွင် ၁. ငါးလုံးတင်ရွာ ၂. ဆင်မြေရွာ၊ ၃. မထိသာရွာ ၄. တောင်ဖီလာရွာ၊ ၅. မကျီးတန်းရွာတို့ပါဝင်သည်။ တောင်ဘက်တွင် မထိသာရွာ၊ မြောက်ဘက်တွင် ဆင်မြေရွာတို့သည် တစ်ဆက်တစ်တန်းတည်းတည်ရှိသောကြောင့် ငါးလုံးတင်တိုက်သုံးရွာဟူ၍ ဒေသတွင်း၌ ခေါ်တွင်သည်။ ချောင်းဦးမြို့တောင်ဘက် ၆ မိုင်ခန့်ကွာဝေးပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သော ရွာကြီးတစ်ရွာဖြစ်ပါသည်။ ငါးလုံးတင်ရွာ၏အကျယ်အဝန်းမှာ ၁.၅ စတုရန်းကီလိုမီတာကျော်ခန့် ကျယ်ဝန်းသည်။

Read article