စစ်တက္ကသိုလ် (ပြင်ဦးလွင်)
သိပ္ပံဘွဲ့ရ တပ်မတော်ပြန်တမ်းဝင်အရာရှိများ မွေးထုတ်ပေးသည့် စစ်ဘက်ဆိုင်ရာတက္ကသိုလ်စစ်တက္ကသိုလ် သည် အရှေ့တောင်အာရှတွင် စစ်ပညာနှင့် တက္ကသိုလ်ပညာ ကိုပူးတွဲသင်ကြားကာ စစ်ဗိုလ်အရာရှိများအား မွေးထုတ်ပေးသည့် တစ်ခုတည်းသော တက္ကသိုလ်ဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် တည်ရှိသည်။ နည်းပြအရာရှိပေါင်း (၂၀၀) ခန့်နှင့် သင်တန်းသားဗိုလ်လောင်းပေါင်း (၆၅၀၀) ခန့် ရှိသည်။ ဆောင်ပုဒ်မှာ နောင်တစ်ခေတ်၏ အောင်စစ်သည်များ ဖြစ်သည်။ ၂၀၂၀ ခုနှစ်တွင် အမှတ်စဉ် (၆၂) သင်တန်းအား ကျောင်းဆင်း ပေးနိုင်ခဲ့သည်။ သင်တန်း ကာလကို ယခင်က (၄) နှစ် သင်ကြားခဲ့ရာမှ ၁၉၉၈ ခုနှစ်၊ သင်တန်း အမှတ်စဉ် (၄၂) မှစတင် ၍ သင်တန်းကာလ (၃) နှစ် သတ်မှတ်ခဲ့သည်။ ဝိဇ္ဇာဘွဲ့ ၊ သိပ္ပံဘွဲ့နှင့် ကွန်ပျူတာ သိပ္ပံဘွဲ့များ အတွက် သင်ကြားပေးသည်။ ယခု BA ဘွဲ့သင်တန်းများကို မသင်ကြားတော့ပေ။ မဟာဘွဲ့ သင်တန်းများလည်း ဖွင့်လှစ်လျက် ရှိသည်။ အမျိုးသမီး သင်တန်းသားများ လက်ခံခြင်း မရှိပေ။ ၎င်းအပြင် လက်နက်ကိုင်ပညာ၊ တိုက်ခိုက်ရေး၊ ဗျူဟာ၊ စစ်ရေးပြ စသော စစ်ပညာကိုလဲ ပူးတွဲ သင်ကြားပေးသည်။ အမှတ်စဉ် (၅၆) သင်တန်း မှစတင် ၍ သင်တန်းကာလ (၄) နှစ် ပြန်သတ်မှတ်ခဲ့သည်။